အပိုင်း - ၆ : ဘာမှ ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး။ ငါ သူ့ကိုနမ်းလိုက်ရုံလေးပါ။

7.7K 1.1K 149
                                    

-Zawgyi


Dathagyi comes online.

Sniffmyass comes online.

Imayourdaddy comes online.

Pankalay comes online.

<Guild> Imayourdaddy : အမယ် ငါတို့ Leader ကြီးဒီနေ့ထူးထူးဆန်းဆန်းပါလား အစောကြီးလိုင်းပေါ်ရှိလို့...

<Guild> Sniffmyass : အကောင်သေးဆေး မပေးရသေးဘူး။

အချိန်အတန်ကြာသွားသော်လည်း ပုံမှန်ပေါက်ပေါက်ဖောက်တတ်သူ မောင်ရှင်းသန့်တစ်ယောက်ထံမှ Reply မပြန်သဖြင့် သူတို့ကြောင်အသွားသည်။ ဟင် ခါတိုင်းဆို Reply မပြောနဲ့ လိုင်းပေါ်တက်တာနဲ့ ဘာလုပ်ရအောင် ဆိုပြီး စအော်တာက သူပဲကို။

Dathagyi wants to invite you in his party.

Achawlay accept.

<Guild> Dathagyi : ...... ပါတီအင်ဗိုက်ကျတော့ လက်ခံတယ်...

Party ဖြစ်သွားပြီဆိုလျှင် တစ်ဖက်သူ၏ အနေအထားကို ကြည့်၍ရသည်မို့ သူ ကြည့်တော့ အချောလေးအမည်ဖြင့် ကာရိုက်တာ၏ HP bar နှင့် MP bar သည် ကျသွားလိုက်တက်လာလိုက်။ သူ Party Call ဖုန်းခေါ်ကာ...

"မင်း ဘယ်ရောက်နေတာလဲ..."

"ကလေးကိုစနေတာ..."

အာကာမိုးထက် စိတ်လေသွား၏။ reply မပြန်သည့်အကြောင်းရင်းက ထိုကောင်လေးကို စနေလို့။ သူ မငြီးငွေ့သေးဘူးလား တစ်နှစ်တိတိ အဲ့လိုမျိုးစနေတာ။ ကြားထဲက သူတောင် ကြည့်မရဖြစ်လာပြီ။

"Sorry ငါ သူနဲ့ Dual ချနေလို့..."

"သြော် သူက သမာသောနည်းနဲ့ချတတ်တယ်ပေါ့ ငါက low level တွေကိုပဲ အနိုင်ကျင့်တတ်တယ်ထင်နေတာ..."

"ဟဟ မင်းကလည်း သူက ကလေးပဲရှိသေးတာကို နောက်ပြီး မဆိုးပါဘူး လက်တက်လာသား... ဒါပေမဲ့ အိုး... အိုး သေတော့မယ်ဟ..."

အာကာမိုးထက် ရှင်းသန့်မောင်၏ HP bar ကိုကြည့်တော့ သွေးကလည်း မကျနေသည်မို့ သေတော့မယ်ဆိုတာ ဝံပုလွေကောင်ကိုပြောမှန်း သူ သိလိုက်သည်။

"မင်း အစက အဲ့ကလေးကို အတော်လေး သဘောကျတယ်မဟုတ်ဘူးလား သူ့ကို မင်းပဲ အကုန်လိုက်သင်ပေးနေပြီးတော့..."

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now