အပိုင်း - ၃၁ : မတူညီသော အတွေးများ။ ( Z+Uni)

5.5K 851 139
                                    

-Zawgyi


"တကယ်တော့ ငါ ဒီစကားတွေကို အပြင်မှာတွေ့ပြီး သေချာပြောပြချင်တာပါ... ဒါပေမဲ့... မင်းရဲ့အစ်ကိုက ငါ့ကို သဘောမကျဘူး..."

"ခင်ဗျား ကျောင်းကို ရောက်နေတာပဲ... ကိုလင်းမှ မရှိတာ..."

သူ့စကားကိုခပ်အေးအေးပြန်တုံ့ပြန်သည့် ဟန်မင်းပိုင်ကြောင့် ရှင်းသန့်မောင် ဆွံ့အရပြန်သည်။ ဒီကောင်လေးက နည်းနည်းလေးမှ ချစ်ဖို့မကောင်းဘူး။

"ငါ အခုမှမပြောရဘူးဆိုရင် နေလို့မကောင်းဘူး..."

"အင်းပြောလေ..."

ရှင်းသန့်မောင်တစ်ယောက် ဆွံ့အရပြန်သည်။ ဒီကောင်လေးက တကယ်ပဲချစ်ဖို့မကောင်းတာပဲ ဘယ်လိုကောင်စုတ်လေးလဲ! အင်း ထားပါတော့ ဂိမ်းဆော့တုန်းက သူကချည်းစကားများခဲ့တာဆိုတော့လည်း သူ သေချာမသိလိုက်ဘူးပေါ့။

"မင်း တကယ်ကြီး ဂေးတွေကို မကောင်းမမြင်ဘူးလား..."

"သူတို့က ဘာလုပ်လို့ ကျွန်တော်က မကောင်းမြင်ရမှာလဲ..."

ဟန်မင်းပိုင်၏ စကားတစ်ခွန်းက ရှင်းသန့်မောင် ရင်ထဲမှ အလုံးကြီးကျသွားသလို။

"အဲ့နေ့က မင်း ဘာလို့ပြောသေးလဲ ဂေးတွေက အောက်တန်းကျတယ်လို့..."

သိပြီးသားအကြောင်းအရာဖြစ်သော်လည်း ထိုကောင်လေးနှုတ်မှ စကားကို ကြားချင်သဖြင့် သူ ထပ်ပြောသည်။ ထိုအချိန်တွင် ကြောင်ကို အိပ်ယာထက်တင်ပြီး အမွှေးကို ပြဿနာရှာနေသည့် ဟန်မင်းပိုင်တစ်ယောက် မျက်မှောင်ကြုတ်သွား၏။ ကြောင်လေးကို သူ့ခြေထောက်လေးဖြင့် ခပ်ဖွဖွတွန်းထုတ်ပြီး...

"ဘယ်တုန်းက ပြောတာလဲ..."

လွန်ခဲ့သည့်တစ်နှစ်က ကိုယ်ပြောခဲ့သည့်စကားကိုမမှတ်မိစွာဖြင့် သူပြန်မေးသည်။ သူ တစ်ခြားသူတွေကို နစ်နစ်နာနာကြီးပြောတတ်တဲ့ သူတစ်ယောက်လည်းမဟုတ်ပါဘူး။

"မင်းပဲအဲ့နေ့က..."

စိတ်ဆိုးရမည်က သူဖြစ်သော်လည်း တပြန်ကြီးပြဿနာရှာနေသူက သူ့ထက်အကြီးဖြစ်သူ ရှင်းသန့်မောင်ဖြစ်နေသဖြင့် ဟန်မင်းပိုင် မအီမလည်ဖြစ်နေရ၏။ နေပါဦး သူက ခံရတဲ့သူဖြစ်လို့ ဒင်းက သူ့ကို ရှင်းပြဖို့ သူတို့ကြားက စစ်ပြေငြိမ်းဖို့အတွက် ဖုန်းလာဆက်နေတာမဟုတ်ဘူးလား။ အဲ့ဒါကို ဘာကိစ္စနဲ့သူက ပြန်ဖြေရှင်းချက်ပေးနေရတာလဲ။ မသိရင် သူ့ကြောင့်ပဲ ဒီဘဲက နစ်နာရတဲ့ပုံစံနဲ့။ နစ်နာရတဲ့သူက သူပါနော်! သူ့ပထမဆုံးအနမ်းကြီးပါ!

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now