Extra - 1(Z+U)

12.5K 934 194
                                    

Zawgyi

သုံးနှစ်တောင်ကြာပြီးမှ စောင့်နိုင်သေးလို့လား? (NSFW)

Warning : Not every extra will be NSFW
(Extra အပိုင်းတိုင်းသည် NSFW အပိုင်းများဖြစ်လိမ့်မည်မဟုတ်)

အနမ်း၏ အရှိန်မြင့်တက်လာမှုကြောင့် ဟန်မင်းပိုင်တစ်ယောက် ဘီယာတစ်ဘူးလောက်သောက်ထားသည်ကိုပင် လူက လေထဲမြောက်နေသလို။ ထိုသူသည်လည်း မတ်တပ်ရပ်လျက် နှစ်ဦးသား၏ မျက်နှာပူးကပ်ထားမှုကို အားမလိုအားမရခံစားလာရဟန်ဖြင့် သူ့ကိုယ်ကို စွေ့ခနဲကောက်မ၏။ ရုန်းကန်ခြင်းမပြုဘဲ ဟန်မင်းပိုင်သည် ရှင်းသန့်မောင်၏ လည်တိုင်ကို အသာလက်ဖြင့် ခိုတွဲသည်။

"ဝိတ်ကျသွားတာလား..."

အနမ်းကိုရပ်ကာ ရှင်းသန့်မောင်သည် သူ့ကို မေးလာ၏။ နှုတ်ခမ်းချင်းခွာချိန်တွင် ထိုသူ့မျက်နှာအနောက်သို့ သူ လိုက်ပါသွားဖြစ်သေးသည်။ အနမ်းကို မရပ်လိုသည့် အဓိပ္ပာယ်။ ရှင်းသန့်မောင်သည် စွတ်စိုနေသည့် ဟန်မင်းပိုင်၏ နှုတ်ခမ်းကိုကြည့်ရင်း သူ ပြုံး၏။ ပြန်မဖြေလာသည့် မေးခွန်းကို ဆက်မမေး။ စိုနေပြီးသား နှုတ်ခမ်းကိုသာ သူ ထပ်သုံးဆောင်သည်။

အသက်ရှူသံသည် ခပ်တိုးတိုး၊ သူ့အာခံတွင်းသို့ဝင်လာသည့် ညည်းတွားသံသဲ့သဲ့က မတိုးမကျယ်။ ဒီကောင်လေးက သူ့ကို နမ်းရသည်ကို အလွန်နှစ်ခြိုက်သည်။ ယခင်ကရော... ယခုရော။

ဟန်မင်းပိုင်ကို ပွေ့ထားလျက်မှပင် သူ အိပ်ခန်းရှိရာဆီသို့ လျှောက်လာ၏။ သူ့ဒူးတစ်ဖက်ကို ခုတင်ပေါ်အရင်တင် ထိုကောင်လေးကို အသာမွေ့ယာထက်ချသည့်တိုင် နှစ်ဦးကြားအနမ်းသည် ရပ်မသွားခဲ့။ ကျောသည် အိစက်သည့် ရေမြုပ်အတွေ့ကိုရချိန်တွင် တစ်လမ်းလုံး မျက်လုံးများကို မှေးစင်းထားသည့် ဟန်မင်းပိုသည် မျက်တောင်ကို တစ်ဝက်အသာလှပ်၏။ ထိုသူ၏ အိပ်ခန်းထဲသို့ သူရောက်နေသည်ပေါ့။

မပွင့်တပွင့် မျက်ခွံအသာဖွင့်သည့် ဟန်မင်းပိုင်ကြောင့် ရှင်းသန့်မောင် ရုတ်တရက် သွေးတက်လာရ၏။ ထိုကောင်လေးဟာ ဘယ်လိုတောင် သူ့ကို ဆွဲဆောင်မှုရှိနေရသလဲ။ သူ့လက်ဖြင့်သာ ရှင်းသန့်မောင်အငယ်လေးကို အဖော်ပြုခဲ့ရမှုက သုံးနှစ်တာကာလဖြစ်နေပြီမို့ ရှင်းသန့်မောင်တစ်ယောက် အခွင့်အရေးကို လက်လွတ်မခံချင်ပေ။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now