အပိုင်း - ၃၄ : သူ ငါ့ကို လိုက်နေတယ်လို့ ထင်တယ် (Z+U)...

5K 844 43
                                    

Zawgyi

ဟန်မင်းပိုင်၏ နေ့ရက်များသည် မသာယာတော့။ ထိုအမျိုးသားသည် သူ့ကို ကောင်းကောင်းနှောင့်ယှက်တော့သည်။ ဂိမ်းထဲတွင် ယခင် သူကချည်းပြဿနာရှာနေခြင်းသည် ယခုပြောင်းပြန်။

<PM> Achawlay : ကလေး ဘာလို့ကိုယ့်ကို ရှောင်နေတာလဲလို့...

<PM> Achawlay : ကလေးရယ် ကိုယ့်ကို စကားပြန်ပါ။

<PM> Achawlay : ကလေး... ကလေးလို့!!!

ဂိမ်းဆော့သည့် ကာလတစ်လျှောက်လုံး သူ့ဘေးမှ လိုက်သည့်အပြင် တောက်လျှောက် PM ပို့နေသည့် ရှင်းသန့်မောင်ကို ဟန်မင်းပိုင် စိတ်လေစွာသာ ဥပက္ခာပြုထားလိုက်သည်။ လုပ်စရာလုပ်သည်ကို လုပ်ပြီးသည်နှင့် သူ့မှာ အွန်လိုင်းတွင် ရှိမနေရဲ။ ချက်ချင်း Log out ရ၏။ မဟုတ်လျှင် ထိုငနဲသားသည် သူ့ကို တောက်လျှောက် စကားပြောနေလိမ့်မည်။

"ဘယ်လိုဖြစ်လို့ အဲ့အရူးချီးပန်းက မင်းနောက် တကောက်ကောက်လိုက်နေရတာလဲ..."

ထွန်းအောင်ကျော်၏ မကျေမနပ်စကားကြောင့် ဟန်မင်းပိုင် နေ့လာစာထမင်းစားချိန်ကန်တင်းတွင် နွမ်းလျသည့် မျက်နှာဖြင့်သာ သူ့သူငယ်ချင်းကို ပြန်ကြည့်ရှာသည်။ ဟန်မင်းပိုင်၏ ယခုပင် ပစ်လဲချင်စိတ်ပေါက်နေသည့် မျက်နှာကြောင့် ထွန်းအောင်ကျော်မှာ အယုတ္တအနတ္တပြောတော့မည့် စကားတို့သည် လည်ချောင်းတွင် ပျောက်ရှသွားရ၏။

သူ့ကို ဘာပြောရမှန်းမသိဖြစ်နေသည့် မျက်နှာဖြစ်သွားကာ ကြည့်နေသည့် ထွန်းအောင်ကျော်ကို သူ သက်ပြင်းတစ်ချက်ရှိုက်ရင်း...

"ငါ ထင်တာပြောရရင် အဲ့ဘဲက ငါ့ကို လိုက်နေသလားပဲ..."

"ဘာ!!"

ထွန်းအောင်ကျော်၏ ဟိန်းထွက်လာသည့်အသံကြောင့် ကန်တင်းရှိ အခြားဝိုင်းများ အာရုံက သူတို့နှစ်ဦးဝိုင်းသို့ ရောက်လာ၏။

"တိုးတိုးဟ... မင်းကလည်း..."

"ငါ ကျောင်းသွားပြီး အဲ့ငနဲကို ထိုးပစ်လိုက်ရမလား..."

ဟန်မင်းပိုင်သည် ကြောင်ပေါက်စမျက်လုံးများဖြင့် ထွန်းအောင်ကျော်ကို မျက်လုံးတစ်ချက်လှန်ကြည့်သည်။ ထို့နောက် အိမ်ကထည့်ပေးလိုက်သည့် ထမင်းချိုင့်ထဲမှ ပုစွန်ကို ဖဲ့နေကာ...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now