အပိုင်း - ၂၃ : အမှတ်တရ... (Z+Uni)

4.9K 757 54
                                    

-Zawgyi

အပိုင်း - ၂၃ : အမှတ်တရ...

သူ Level 60 ရောက်တော့...

<Party> Achawlay : မင်းရဲ့ရွှေရောင်ခြင်္သေ့ပျံကြီးက လှတယ်မလား... ဟားဟား အဲ့ဒါရှာရခက်တယ်...

<Party> Little_wolf : ခင်ဗျားကို gold မဖြုန်းနဲ့လို့ ဘယ်နှစ်ခါပြောရမှာလဲ!

<Party> Achawlay : ငါ ဓားပြတိုက်ထားတာလေးပဲကို...

<Party> Little_wolf : တကယ်ပဲမောတယ်... ပြောလည်း နားမထောင်ဘူး...

<Party> Achawlay : ဟီးဟီး...

<Party> Little_wolf : ကျွန်တော် စာမေးပွဲဖြေရတော့မယ်

ရှင်းသန့်မောင်လက်များသည် တုံ့ခနဲ ။ သြော်.. သူတောင် စာမေးပွဲဖြေရတော့မှာပဲ။ ဒါဆို အွန်လိုင်းသိပ်တက်နိုင်မှာမဟုတ်ဘူးပေါ့။ သုံးလကျော်လောက်တပူးပူးနေခဲ့သည်မို့ အချိန်တန်ထိုကောင်လေးမရှိတော့မည်ကို တွေးပြီး သူ လွမ်းနေသယောင်။

<Party> Achawlay : သြော် ငါတော့လွမ်းနေတော့မှာပဲ...

<Party> Little_wolf : တစ်လလောက်လေးပဲ လိုင်းပေါ်မရှိမှာကို... နောက်ပြီးခင်ဗျားပြဿနာရှာနေတာနဲ့တင် တစ်လက ဘာမှန်းတောင်ကြာမှာမဟုတ်ဘူး...

<Party> Achawlay : ငါ့ကိုပြဿနာအိုးကွဲများထင်နေတာလားကွာ...

<Party> Little_wolf : ပျားအုံကိုပဲတုတ်နဲ့ထိုးတာ...

<Party> Achawlay : တကယ်တော့ ဒီမှာ Quest လုပ်ရတာ အန္တရာယ်များတယ်... ဘာလို့လဲဆိုတော့ Faction နှစ်ခုလုံးက လူတွေက ဒီမှာပဲ Quest လာလုပ်ကြတာလေ... နောက်ပြီး ဟိုမှာတွေ့လား...

Elite creep တစ်ကောင်သတ်၍သေသွားသည့် Player ဘက်ကို ညွှန်ပြပြီး အချောလေးသည်ဆိုသည်။

<Party> Achawlay : Boss သွေးကိုထောက်ကြည့်ကြည့်...

သူကြုံခဲ့သည့် Dungeon ထဲမှ Boss များ၏ သွေးထက်နှစ်ဆလောက်ရှိနေသည့် Elite Creep ကိုကြည့်ပြီး ဟန်မင်းပိုင် ကြက်သေသေသွားသည်။

<Party> Achawlay : level မြင့်လေ Quest လုပ်ဖို့ခက်လေပဲ... အဓိကက 60 - 65 မှာ ဘာလို့ဆို Outland ရဲ့ အစပိုင်း နေရာမှာ Elite Creep တွေက မရေတွက်နိုင်အောင်ရှိတယ်လေ။ ဒါပေမဲ့ 65 ကျော်ရင်တော့ Zangamash မှာ Quest လုပ်လို့ရတယ် Outland နယ်မြေတစ်ခုပေါ့...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now