အပိုင်း - ၁၃ : Date ဖို့နေရာတစ်ခုရှာတွေ့။ (Z+Uni)

6K 834 91
                                    

-Zawgyi


<PM> Achawlay : စောင့်နေရတာကြာသွားလား...

နာရီဝက်လောက် ဟန်မင်းပိုင် ပျင်းပျင်းနှင့် Game ကို Log out လည်းလုပ်၍မရသည်နှင့် game client ကို restore down လိုက်ကာ you tube ဖွင့်ကြည့်နေချိန်တွင် high level ၏ PM တက်လာတော့သည်။ ထိုအခါမှ သူ သွက်လက်စွာ စာပြန်၏။

<PM> Little_wolf : ရပါတယ်။

ရပါတယ်ဟု သူ ရိုက်သည်နှင့် သူ့ရှေ့တစ်ယောက်ပြီးတစ်ယောက်ပေါ်လာသည့် high level များကို ကြည့်ပြီး ဟန်မင်းပိုင် နှုတ်ခမ်းတို့က ပြုံးတော့မလိုမပြုံးတော့မလို။ သူတို့၏ ခေါင်းထက်ရှိ guild နာမည်က လူကြမ်းလေးများတဲ့။ in game အမည်တွေကလည်း ဖြစ်ချင်တိုင်းတွေဖြစ်နေသည့် သူများကို ကြည့်ပြီး ဟန်မင်းပိုင် ရယ်ချင်နေတော့သည်။ ဒီလူတွေက ဘယ်လိုလူတွေများလဲ။

Achawlay wants to invite you in his team.

သူ့ကို invite လုပ်လာသည့် အချောလေး request ကို သူ accept ပြန်လုပ်တော့ Party တွင်သူတို့နှစ်ဦးတည်း။ အချောလေးသည် ယခင် Team မှ ထွက်ကာ သူ့ကိုပြန် invite လိုက်ပုံရသည်။

<Guild> Achawlay : ငါ သူ့ကို တခြား Inn တစ်ခုကို လိုက်ပို့လိုက်ဦးမယ်။ အားလုံးပဲ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ Repair ဖိုးကို guild bank ကနေ သုံးကြပါ။

<Guild> Dathagyi : မင်းပေးမသုံးလည်း ကျောင်းရောက်ရင် အသတ်ခံရဖို့ပဲရှိတယ်။

<Guild> Imayourdaddy : အေးလေ ဘယ်သူ့ကြောင့် ငါတို့ ဒီစစ်ပွဲကြီးဖြစ်လာရတာလဲ။

<Guild> Sniffmyass : သူငယ်ထောင်တာလည်း တော်တန်ရုံပေါ့ မသာရယ်... တန်ဖိုးကြီးမြင်းကြီးနဲ့...

<Guild> Achawlay : ဘယ်သူက သူငယ်ထောင်လို့လဲ... အဲ့ဒါ မင်းတို့မရအောင်လို့လေ... ဖြစ်မှဖြစ်ရလေ မင်းတို့နဲ့အတူ ဝင်ဖို့ပြောထားတဲ့ dun ကို တခြားသူနဲ့ဝင်ပြီး ရသွားတဲ့သူက စီးလို့တောင် မရသေးတဲ့ low level လေးဖြစ်နေတာ ပျော်ရဲ့လား အသဲတို့။

<Guild> Dathagyi : ဘောပဲမသာရေ

<Guild> Mamamoe : -ီးလိုကောင်...

<Guild> Tarnaw : ရော့အွန့် ငုံနေ ငါ့ဟာကို။

တစ်ယောက်တစ်ခွန်းဆဲဆိုနေသည့် guild chat panel ကို minimize လုပ်ချိန်တွင် ရှင်းသန့်မောင် ရုပ်က စပ်ဖြီးဖြီး ထို့နောက် သူ Party ရှိ ငအူငလည် low level လေးဘက်လှည့်ကာ။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now