အပိုင်း - ၁၅ : ငါကယောကျာ်းလေးတွေပဲ စိတ်ဝင်စားလို့။ (Z+Uni)

5.7K 855 71
                                    

-Zawgyi


ထိုသို့ဖြင့် ရှင်းသန့်မောင်၏ တစ်နေ့တာအလုပ်ထဲတွင် နေ့ခင်းဘက် ကျောင်းတွင် ဂိမ်းဆော့သည့် အလုပ်တစ်လုပ် ပါတိုးလာဖြစ်ခဲ့သည်။

"ဘယ်လိုဖြစ်ပြီးတော့ မင်း အားယားနေ ဂိမ်းဆော့နေတာလဲ နောက်ပြီး low level တစ်ကောင်ကို လိုက်ကူနေတယ်..."

"ပျင်းတယ်လေ..."

အာကာမိုးထက် သူ့သူငယ်ချင်းကို မျက်ထောင့်ကပ်ကာသာကြည့်သည်။

"လွှတ်ထားပြီး နင့်ထမင်းကြော်သာ နင်စားစမ်းပါဟာ ဒီမျောက်လွှဲကျော်ကောင်က ပျင်းသွားရင် မဆော့ဘဲနေလိမ့်မယ်..."

သွန်းနှင်းဆုစကားကို နဒီဇော်သည်လည်း ခေါင်းညိတ်ထောက်ခံ၏။ ဂိမ်းဆော့နေသည့် ရှင်းသန့်မောင်ကတော့ သူ့ကို ပြောနေသည့်သူများကို အဖက်မလုပ် သူ့ဘာသာ ဂိမ်းထဲတွင် ထိုကလေးကို လိုက်ကူပေးနေသည်။

<Party> Achawlay : Skill သွား train မယ်လာ...

<Party> Little_wolf : ဟုတ်...

ထိုကောင်လေးပင် Level ၄၅ ရောက်နေပြီပဲ။ အား... သူ တစ်ခါရှာတွေ့ထားသည့် Dungeon ကို သတိရသွားကာ။

<Party> Achawlay : Level 47 ရောက်ရင်ငါတို့ Dun ဝင်ရအောင်...

<Party> Little_wolf : Quest လည်းမရှိဘဲနဲ့။

ရှင်းသန့်မောင် နှုတ်ခမ်းတို့က ပြုံးမလိုမဲ့မလိုဖြင့် မသိမသာလှုပ်ခတ်သွားသည်။ ဘယ်လိုဖြစ်ပြီး ဒီကောင်လေးက Dun ဝင်ဖို့ကို တွန့်ဆုတ်နေရတာလဲ။ သူ့ဘေးမှ အာကာမိုးထက်ကတော့ ရှင်းသန့်မောင်၏ မျက်နှာအမူအရာကို ကြည့်ပြီး ဆက်မကြည့်ချင်တော့သဖြင့် တစ်ဖက်သို့သာ မျက်နှာလွှဲ၏။ သွန်းနှင်းဆု၏ နဒီဇော်ကို တားရော့ကတ်များနှင့် အာရုံနောက်နေမှုကို သူ တွေ့ရသည်။

"နင်ကလည်း ငါ တားရော့ဟောပေးချင်ပါတယ်ဆိုနေမှ ဟဲ့ သူများတွေဆိုရင် ငါ့ကို ဟောပေးဖို့အတွက် နေ့လည်စာကျွေး ပိုက်ဆံပေးရတာ ငါ အလကားဟောပေးပါမယ်ဆိုမှ..."

"ရုပ်ရှင်တွေတောင် Spoiler မုန်းပါတယ်ဆိုနေမှ နင့်အဘမို့လို့ င့ါကို ဘဝမှာပါ Spoiler လာပေးချင်နေတာလား..."

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now