အပိုင်း - ၆၂ : ငါမှမပိုင်ရရင် သူ့ကိုအခြားသူတွေလည်းမပိုင်ရဘူး။ (Z+U)

5.4K 773 26
                                    

Zawgyi

Kingofheroes : What the fuck? ဒါက ဘာကြီးလဲ?

Yoonlay : ဟယ်...

Pankalay : ...... @Dathagyi @Sniffmyass @Imayourdaddy @Achawalay @Phoethar @Mamamoe

Mamamoe : ငါတို့ Leader Affair ကြီးပါလား မှန်းစမ်း ဘယ်က သူငယ်လေးလဲ... အဲ...

Lin : .........

Insane : fuck!

Pankalay : ဟိုင်း... ထွန်းထွန်းလေး အဆူခံရတော့မှာလား?

Insane : ပါးစပ်ပိတ်ထားစမ်းပါ!

Pankalay : အိုကိုကိုကလည်း ချစ်လို့မေးတာကို...

Insane : ပါးစပ်ပိတ်ထားစမ်း! လိ ဖုန်းဝင်လာပြီ...

ဖိုရမ်၏ တစ်ခုသော ပိုစ့်အောက်တွင် Server Maintainance လုပ်နေချိန်မို့ ဂိမ်မာတို့သည် စုပြုံနေကြ၏။ ဂိမ်မာဆိုသည့် အမျိုးဟာလည်း ဘယ်သောအခါမှ Server Website ကို တက်လေ့တက်ထမရှိ။ သူတို့တက်သည့် အချိန်က Server ကို Down (offline) Maintainance လုပ်သည့်အချိန်မှသာ။ ထိုအခါကျမှ Game Guide များဖတ်၊ ယခင် replay ပွဲများပြန်ကြည့်၊ Server မှ ထုတ်ပြန်ထားသည့် Official News များကို ဖတ်ခြင်းကို ပြုလေ့ရှိကြခြင်း။

ယခုလည်း ပိုစ့်တစ်ခုအောက်တွင် စုပြုံနေကြသည်။ Anonymous User တစ်ဦးမှ တင်ထားသည့် ပုံအချို့ကြောင့်၊ GM များရှိသည့် ဂိမ်းဆိုင်တွင်ရိုက်ထားသည့် ပုံနှစ်ပုံဖြစ်သည်။ တစ်ပုံတွင် Paid GM, GM Level 3... Server ၏ Technical ပိုင်းရော၊ Game Play အပိုင်းတွင်ပါ ထူးချွန်သည့် Player Achawlay ဟု အမည်တွင်သည့် ကောင်လေးသည် အအေးဘူးလေးကို ဘေးခုံရှိ ဂိမ်းဆော့နေသည့် ကောင်လေးသောက်၍ရအောင် ကိုင်ထားပေးသည့်ပုံ။

မည်သို့ပင်ကြည့်ကြည့် Achawlay သည် လက်တစ်ဖက်ထဲဖြင့် အလုပ်လုပ်နေသည်မှာ အဆင်မပြေ။ သို့သော်လည်း ဘေးခုံရှိ ကောင်လေး ဂိမ်းဆော့နေသည်ကို လုပ်ပေးနေပုံအရ သူတို့၏ ဆက်ဆံရေးသည် အလွန်ပင်ကောင်းမွန်သည့် ဆက်ဆံရေးတွင် ပါဝင်သည်ဟု ပုံကြည့်နေရုံဖြင့် တပ်အပ်ပြောနိုင်ပေ၏။

ဒုတိယတစ်ပုံကတော့ ဘေးခုံရှိ ကောင်လေးမှ အချောလေးဘက်သို့လှည့်ကာ လက်ဖက်ထမင်းအား လှမ်းခွံ့နေပုံ။ ယုယခြင်းမပါသော်လည်း တစ်ဖက်လူအလုပ်လုပ်နေသည်ကို အဆင်ပြေစေရန် လုပ်ပေးသည်က သိသာလွန်းသည်။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now