Extra - 2(Z+U)

9.1K 871 154
                                    

Zawgyi

Extra - 2 : ကျွန်တော်တို့အတူတူနေကြမလား?

"အင်း အခုဘာလုပ်နေလဲ..."

"အခုပဲ intern ဆင်းပြီးပြန်လာတာ..."

Video တစ်ဖက်မှ ပေါ်လာသည့် ဟန်မင်းပိုင်ပုံရိပ်ကို ရှင်းသန့်မောင် ပြုံး၍ ကြည့်သည်။ လာသွားတုန်းက ရက်သတ္တပတ် ထိုကောင်လေးနှင့်သူသည် အချိန်ကုန်ဆုံးခွင့်ရခဲ့၏။ သူတို့နှစ်ဦး အတူလျှောက်သွားကြသည်။ အလုပ်ဆင်းသည်နှင့် ညဘက်တွင် သူတို့နှစ်ဦးအချိန်တူတူကုန်ဆုံးကြသည်။ များသောအားဖြင့်တော့ ဂိမ်းဆော့ကြတာပါပဲ။ အခုတော့ ဒီကောင်လေးပြန်သွားတာတောင် သုံးလလောက်ရှိရောပေါ့။

"Game ထဲဝင်ကြမလား..."

ရှင်းသန့်မောင် မေးခွန်းကြောင့် ဟန်မင်းပိုင်ရယ်၏။

"မနက်ဖြန်က ပိတ်ရက်ပဲဆိုတော့ရပါတယ်... ခင်ဗျားကရော..."

"အိပ်ရေးပျက်တယ်ဆိုတာ ကိုယ့်အတွက်တော့ ပုံမှန်ပါပဲ..."

ဟန်မင်းပိုင်သည် သဘောကျစွာရယ်၏။ ရှင်းသန့်မောင်တစ်ယောက် ထိုကောင်လေးကို ငေးကြည့်နေခဲ့သည်။

>>>>><<<<<

Achawlay comes online.

Little_wolf comes online.

တစ်ချိန်တည်းရောက်လာသည့် နှစ်ယောက်ကြောင့် Luukyanlaymyar Guild ၏ လက်ရှိ Leader Phoethar တစ်ယောက် ကြောင်အသွားရ၏။

<Guild> Phoethar : ဘယ်လိုလုပ်နှစ်ယောက်လုံးဝင်လာတာလဲ...

လွန်ခဲ့သည့် သုံးလလောက်တွင် Achawlay သည် Little_wolf ကို သူ့ Guild အတွင်းသို့ ထည့်လေ၏။ Game Master တစ်ယောက်လည်းမဟုတ်တော့သလို။ သူတို့နှစ်ဦးလုံး ဂိမ်းမဆော့ဖြစ်သည်မှာ နှစ်ချီခဲ့ပြီမို့ Old Player အနည်းအကျဉ်းလောက်သာ သူတို့၏ ကိစ္စကို သိခဲ့၏။ နောက်ပေါက်ကလေးများကတော့ မသိကြတော့။

<Guild> Achawlay : မဝင်လာရဘူးလား...

<Guild> Phoethar : မပြောပါဘူး... ဒီနေ့ ကျွန်တော်တို့ raid ရှိတယ် လိုက်မလား...

<Guild> Achawlay : ဟန်လေး လိုက်မလား။

Dathagyie comes online.

Sniffmyass comes online.

Imayourdaddy comes online.

Pankalay comes online.

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now