အပိုင်း - ၃၅ : Back to Square One (Z+U)

5.1K 828 99
                                    

Zawgyi

"ခင်... ခင်ဗျား ဘာလာလုပ်တာလဲ!"

အဖြူနှင့်နက်ပြာရောင်ပုဆိုးကို ဆင်မြန်းထားသူ ရှင်းသန့်မောင်ကို ဟန်မင်းပိုင်တစ်ယောက် လက်ညှိုးထိုးကာကြည့်သည်။

"မင်းတို့ကျောင်းထိပ်မှာ စစ်နေတယ်ဆိုလို့လေ... အဲ့ဒါ ငါ TU ပုဆိုးလဲလာတာ..."

"ကျွန်တော် ကျောင်းစောင့်ဦးလေးကြီးကို သွားပြောမယ်..."

ထမင်းစားရန်ကန်တင်းထဲဝင်လာပြီး ချက်ချင်းပြန်လှည့်သွားသည့် ဟန်မင်းပိုင်ကို ရှင်းသန့်မောင် နောက်မှ လှမ်းဆွဲ၏။ ကျောပိုးအိတ်ကွင်းကို ဆောင့်ဆွဲလိုက်မှုကြောင့် နောက်သို့ရွေ့သွားရရှာသည့် ဟန်မင်းပိုင်။ လူကောင်ချင်းကွာသည်ကို အခွင့်ကောင်းယူကာ သူ့ကျောပိုးအိတ်ကွင်းကို ကိုင်ထားသည့်လက်ကို မမှီမကမ်း နောက်ပြန်ပုတ်ထုတ်သည်။

"ကန်တင်းကြီးမှာ ဘယ်လိုဖြစ်နေတာလဲ..."

အခြားသူများက မသိမသာအကဲခတ်နေသည်မို့ ဟန်မင်းပိုင် စိတ်ရှုပ်စွာ ထိုသူ့အနီးတွင်ရပ်ပြီး ရှုသိုးသိုးအသံဖြင့် ပြော၏။ ဒင်းက အရှက်မရှိပေမဲ့ သူက အရှက်ရှိပါတယ်နော်။ နောက်ပြီး အရှက်ကွဲလျှင်တောင်မှ ဒီလဒကြီးက ကွန်ပျူတာကို ကော့ကော့လေးပြန်သွားရပြီး သူက ဒီကျောင်းမှာ ဆက်တက်နေရဦးမဲ့သူပါ။

"နောက်ပြီး ကျွန်တော်ထိုင်နေတဲ့ ကန်တင်းကို မလာပါနဲ့လို့ ဘယ်နှခါပြောရမှာလဲ! ခင်ဗျားသူငယ်ချင်းတွေရှိတဲ့ ကန်တင်းက ဟိုတစ်ဆိုင်ကျော်မှာမဟုတ်ဘူးလား!"

"မင်းရဲ့ သက်တော်စောင့်လေးရော..."

ရှင်းသန့်မောင် ခပ်တည်တည်ဖြင့် မေးတော့ ဟန်မင်းပိုင် ကြောင်အကာ သူ့ကိုကြည့်သည်။ သူ့မှာ ဘယ်တုန်းက သက်တော်စောင့်ရှိသွားတာလဲ။

"မင်းအစ်ကို CEO ကြီးက မင်းကို ဂရုစိုက်ခိုင်းထားတဲ့ သက်တော်စောင့်..."

"ကျွန်တော့်အစ်ကိုက CEO မဟုတ်ပါဘူး..."

မျက်ခုံးလေးတွန့်ချိုးကာ ပြောလာသည့် ဟန်မင်းပိုင်ကို ရှင်းသန့်မောင်ပြုံးကြည့်ကာ...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now