အပိုင်း - ၁၁ : Server No.1 Caster (Z+Uni)

6.3K 838 65
                                    

-Zawgyi


အစိမ်းရောင်မီးတောက်များဖြင့် မြင်းသည် မြေပြင်ပေါ်ရောက်သည်နှင့် ခွာဖြင့် တစ်ချက်ပေါက်၏။ေ ဘေးနားရှိ သင်္ချိုင်းဂူအတွင်းမှ လက်တို့သည် မြေပြင်သို့ ထောင်တက်လာသည်။ ထို့နောက်တွင်တော့ အရိုးစုတို့သည် ထိုမြင်းအရှေ့သို့ တရွေ့ရွေ့တက်လာကာ တပ်သားများအဖြစ် ကာစီးလေ၏။

ဦးခေါင်းမဲ့သည့်မြင်းစီးသူရဲ၏ စကားသံသည် ထွက်ပေါ်လာခဲ့သည်။ သူ့ပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာသည့် သူတိုင်းသည် သူ့တပ်သားများဖြစ်ခဲ့ကြောင်း။ သူ့ကို Faction နှစ်ခုလုံးမှ ဖမ်းဝရမ်းထုတ်ထားသည့်တိုင် မည်သည့်သူရဲကောင်းမှ သူ့ကို မနိုင်ကြောင်း ပြောဆိုသည့် စကားစုတို့သည် ကြောက်မက်ဖွယ်သံစဉ်နှင့်အတူ Headphone တပ်ထားသည့် ဟန်မင်းပိုင်၏ နားထဲစိမ့်ဝင်သွား၏။

ရှင်းသန့်မောင်သည်လည်း ကွန်ပျူတာကိုကြည့်ရင်း ပြုံးသည်။ သူ ဘယ်တော့မှထို Visual များကို မညည်းငွေ့သွား။ ဒီ Heroic dynasty ရဲ့ ရုပ်ထွက်တွေကို သူ တကယ်ကို သဘောကျသည်။

<Party> Achawlay : မင်း သစ်ခြောက်ပင်အောက်မှာ ရပ်နေတာ ပိုအဆင်ပြေလိမ့်မယ်။ အဲ့ဒါက Boss ရဲ့ စက်ကွင်းက လွတ်လိမ့်မယ်။ နောက်ပြီး အရိုးစု creep လေးတွေက elite creep မဟုတ်တဲ့အတွက် မင်းဆီရောက်လာနိုင်တဲ့ တစ်ကောင်နှစ်ကောင်လောက်ကို မင်း နိုင်နိုင်ပါတယ်။

<Party> Little_wolf : တစ်ယောက်ထဲချမှာလား။

<Party> Achawlay : မင်းက ငါနဲ့မှ မကူနိုင်တာ။

ဟန်မင်းပိုင်ဘာပြန်ပြောရမှန်းမသိ။ ဒါပေမဲ့ Event Boss ကသွေးများတယ်လေ။ ဘယ်လိုလုပ်ပြီး ဒီ High Level တစ်ယောက်လောက်က နိုင်မှာလဲ။ အနည်းဆုံး High Level နှစ်ယောက်သုံးယောက်လောက် အတူချမှ ရမှာလေ။

<Party> Achawlay : ဟေး အသစ်ကလေး အိုင့်ကို ကြွေသွားစေမဲ့ စကေးတွေပြရမလား။ သွား ဟိုဘက်သွားနေ။ လွတ်လွတ်ကင်းကင်း တို့ ဒီ Boss ကို တစ်ယောက်တည်း သတ်ရမှာမို့ ကလေးကို မကာကွယ်နိုင်သေးဘူး။

<Party> Little_wolf : ဟုတ်...

<Party> Achawlay : နေဦး!

သူ သွားမည်ဆိုတော့လည်း သူ့ကို လှမ်းခေါ်သည့် အချောလေးကြောင့် ဟန်မင်းပိုင် နောက်ပြန်လှည့်ကြည့်ရသည်။ သူ့ကို Trade request လုပ်သည့် အချောလေးထံမှ Health Stone ငါးတုံးကို သူ ရရှိလေ၏။ ထိုကျောက်တုံးလေးများက ချေပြီး အသုံးပြုလိုက်သည်နှင့် သွေးပြန်ပြည့်သည့် Health Stone များ Warlock များထံမှ Spell တစ်ခု။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Nơi câu chuyện tồn tại. Hãy khám phá bây giờ