Extra - 3 (Z+U)

8.4K 867 63
                                    

Zawgyi

Extra - 3 : ရှင်း... ကျွန်တော်ခင်ဗျားကို အရမ်းလွမ်းတာပဲ... (NSFW)

မိုးရာသီ... မိုးတဖွဲဖွဲဖြင့်လွမ်းမောစရာချိန်ခါ။

"ဟပ်ချေး!"

"ရှင်းစံအဆင်ပြေရဲ့လား..."

"Hai... Hikari Senpai..."

အဆင်ပြေပုံမရမှုကြောင့် Hikari သည်ကူညီချင်သော်ငြား ရှင်းသန့်မောင်မှ သူ့ကိုစည်းကောင်းကောင်းခြားထားသည်မို့ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ ဂရုစိုက်မှုမျိုးဖြင့်သာ အလုပ်နားရန်အကြံပေးနိုင်လေ၏။ နားမထောင်သည့် ကောင်ကလေးသည် ညအထိအလုပ်ဆင်းခဲ့သည်။

ရှင်းသန့်မောင်အိမ်ကိုပြန်ရောက်ချိန်တွင်တော့ ကိုယ်လက်တို့ကိုက်ခဲကာ လူသည်လှုပ်မရချင်တော့။ သို့သော်လည်း သူ အားတင်းကာ video call ခေါ်ဆိုရန်အချိန်မပျက်ကွက်။

သူ video call ခေါ်လိုက်သည်နှင့် ရွှင်ပျနေသည့် မျက်နှာဖြူဖြူလေးသည် latop screen တွေပေါ်လာခဲ့သည်။ သူ့မျက်နှာကိုမြင်သည်နှင့် ဝံပုလွေပေါက်၏ မျက်ခုံးတို့သည် တွန့်ချိုးလာရကာ...

"နေမကောင်းဘူးလား..."

laptop ကို ခုတင်တွင်ချကာ စောင်ပုံထဲမျက်နှာတစ်ခုလုံးနီနေသည့် ရှင်းသန့်မောင်တစ်ယောက် ခေါင်းညိတ်ပြသည်။

"အင်း ရာသီအကူးအပြောင်းနဲ့..."

နေမကောင်းသည်မို့ ထွက်လာသည့်အသံက ကြည်လင်မနေ။ အသံဝင်ချင်ချင်ဖြစ်ကာ ခပ်အက်အက်ဖြစ်နေသည့်အသံက ဟန်မင်းပိုင်၏ နားစည်ဝကို ကလူကျီစယ်နေ၏။ ဟန်မင်းပိုင် ကိုယ့်ကိုယ်ဆဲရေးချင်သွားတော့သည်။

ဖာခ့်! ဒီလူကို ငါ အချိန်မရွေးပစ်မှားနေနိုင်တော့တာပဲ! ငါ့ရဲ့စိတ်က အဲ့လောက်တောင်ပဲ ထကြွရသလား!

ဟန်မင်းပိုင်မိမိဘာသာ ဆဲရေးတိုင်းထွာနေခဲ့၏။ ပြောရမယ်ဆို သူ ဆယ်ရှစ်အထက်တွေကိုလည်း ကြည့်မနေပါဘူး။ သူ့သူငယ်ချင်းကောင်တွေလိုလည်း သူ မဟုတ်ရပါဘူး။ ဒါပေမဲ့!! ဒီလူနဲ့ပတ်သက်လာရင် အပြုအမူသေးသေးလေးတွေကအစ သူ့ကို မှန်ဘီလူးအကြီးကြီးနဲ့ zome ချဲ့ပြပြီး ဆွဲဆောင်မှုရှိပြီးပြစ်မှားချင်စရာ ကောင်းတယ်ဆိုတဲ့ ခံစားချက်ကိုပေးတယ်...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now