အပိုင်း - ၁၇ : Thorns of Dreamy Dungeon (1) (Z+Uni)

5.3K 761 84
                                    

-Zawgyi


Thorns of Dreamy Dungeon သည် level 47 – 52 ဝင်ရန် Dungeon ဖြစ်သည်။ ထို Dungeon တွင် သဘာဝလောကနှင့်သက်ဆိုင်သည့် သူအများအပြားနေထိုင်၏။ Centaur ဟု ခေါ်သည့် လူတစ်ပိုင်းမြင်းတစ်ပိုင်းသူများ၊ Elf များ၊ Pixi နတ်သူငယ်များ၊ Stone giant နှင့် Hydra များသည် သူ့ အစုနှင့်သူ နေထိုင်ကြ၏။

ထို့အတွက် ထို Dungeon တွင် အပိုင်းငါးပိုင်းပါဝင်၏။ တစ်ပိုင်းစီတွင် Boss တစ်ယောက်ဆီရှိသည်။ သဘာဝတရားတွင် ပျော်စံသည့် သတ္တဝါလေးများ နေရပ်မို့ ပြင်ပတွင်မရှိသည့် ရှားပါးပစ္စည်းအကုန်ရှိ၏။ Dungeon သည် အလှအပတစ်ခုတည်းမဟုတ်၊ ဆေးဖက်ဝင်အပင်များစွာနှင့် ကျောက်မျက်ရတနာပေါင်းများစွာလည်း ရှိသည်။

Dungeon ထဲရောက်သည်နှင့် ဟန်မင်းပိုင်တွေးနိုင်သည့် တစ်ခုတည်းသော အတွေးက ထိုနေရာသည် အကျိုးနည်းလှပလွန်းသည်။ အပြာနှင့်အဖြူဖျော့ဖျော့ရှိသည့် ရှုခင်းပုံရိပ်သည် လှပလွန်းနေ၏။ ဒါက Thorns of dreamy Dungeon ၏ ပထမအပိုင်းဖြစ်သည့် Pixi နတ်သူငယ်တို့ နေထိုင်ရာ ဇာတိ။ မြင်မြင်သမျှသည် နတ်သမီးပုံပြင်များထဲမှ နတ်သူငယ်ကမ္ဘာရှိ ပုံရိပ်များဖြစ်သည်။ ကြီးမားသည့် သစ်ပင်ကြီးများ၊ လူတစ်ယောက်ကောင်းကောင်းတက်ထိုင်၍ရသည့် သစ်ရွက်များ၊ သစ်ရွက်များထံသို့ စီးကျနေသည့် အခိုးအငွေ့တို့သည် ရေတံခွန်အလား၊ လှပသည်။ ထိုနေရာ၏ အလှကို ဖွင့်ဆိုရန်က ထိုစကားတစ်ခွန်းနှင့်ပင် မလုံလောက်။

<Party> Little_wolf : တကယ်ကြီးလှတာပဲ...

<Party> Achawlay : မပြောဘူးလား... လာလာ ဓာတ်ပုံရိုက်ရအောင်...

<Party> Little_wolf : ဘာလုပ်ဖို့လဲ...

သစ်ရွက်တစ်ရွက်ပေါ်သို့ ခုန်တက်သွားပြီး ပုံ့ပုံ့လေးထိုင်ချလိုက်သည့် အချောလေးကို ဟန်မင်းပိုင်ကြည့်သည်။ သစ်ရွက်ပေါ်ရှိ ဒူးတုပ်ထိုင်နေသည့် blood elf ကောင်မလေးသည် သူ့ကို ကြည့်ပြီး...

<Party> Achawlay : ဒီနေရာက Date လုပ်ဖို့ကောင်းပါတယ်ဆိုနေ...

<Party> Little_wolf : ဘယ်သူက ခင်ဗျားနဲ့ ဒိတ်မယ်လို့ပြောလို့လဲ...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now