အပိုင်း - ၅၆ : ဝံပုလွေယောင်ဆောင်ထားတဲ့ မြေခွေးလေး (Z+U)

6K 907 89
                                    

Zawgyi

Warning : May contain NSFW part (Not safe for work part) Wattpad ဖတ်နေကျလူတွေအတွက်က ဒီလောက်လေးက မပြောပလောက်ဘူးဆိုပေမဲ့ တာဝန်အရ warning လိုက်ပါတယ်။
~~~~~~~~~

ဟန်မင်းပိုင် ဆိုင်အောက်ထပ်တွင် စောင့်နေသော်လည်း ရှင်းသန့်မောင်တစ်ယောက် တော်တော်နှင့်ဆင်းမလာ။ လှေကားဝကို တမျှော်မျှော်ကြည့်ကာဖြင့် အပေါ်ပြန်တက်ရကောင်းနိုး တွေးနေစဉ်တွင် ဆိုင်ထဲမှ ထွက်လာကာ လှေကားဝဘက်ခေါင်းပြူနေသည့် သူ့ကို မြင်တော့ ပြုံးပြလာသည့် ငနဲသား။ ဟန်မင်းပိုင်၏ မျက်နှာက စောင့်နေရမှုကို အလိုမကျမှုဖြင့် သုန်မှုန်သွားသည်။

"ဆောရီး... ကိုယ်နည်းနည်း ပြဿနာလေးရှင်းနေလို့..."

လူယုတ်မာပြုံးကြီးနှင့်တောင်မှ ချောနေသည့် ချစ်သူ့မျက်နှာကိုကြည့်ကာ ဟန်မင်းပိုင်တစ်ယောက် မျက်မှောင်ကြုတ်မေးသည်။

"ဘာကိစ္စလဲ..."

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး... ဆိုင်က ငရှုပ်ကလေးသုံးကောင် ပြဿနာရှာတာကို ရှင်းနေတာ..."

အဝတ်အစားသည်လည်း ပျက်ယွင်းမနေ။ လူပုံသည်လည်း ပုံမှန်ပဲမို့ ဟန်မင်းပိုင်၏ စူးစမ်းမျက်လုံးလေးများသည် ရှင်းသန့်မောင်ကိုယ်ပေါ်သို့ စုန်ဆန်ပြေးလွှားနေခဲ့သည်။ ကြောင်ပေါက်စလေးတစ်ကောင်၏ လက်သည်းလေးများဖြင့် ကုတ်ခြစ်နေသည့်အလား ခံစားလိုက်ရသူ ရှင်းသန့်မောင်သည် ဟန်မင်းပိုင်ကို ပွေ့ဖက်လိုက်ချင်စိတ်ကို ထိန်းကာဖြင့်...

"ရန်ဖြစ်တာ မဟုတ်ဘူး..."

"အင်း... ပြီးရော..."

ဘာမှမဖြစ်လည်း ပြီးတာပဲဆိုသည့် မျက်နှာဖြင့် ပြန်လှည့်သွားသည့် ဟန်မင်းပိုင်ပုံက သူ့ကို မကျေနပ်သေးမှန်း အသိသာ။ ထိုကိစ္စနှင့်ပတ်သက်ပြီးပြောပြချင်စိတ်မရှိသည့် ရှင်းသန့်မောင်သည်လည်း မသိချင်ယောင်သာ ဆောင်နေလိုက်သည်။ ထို့နောက်တွင်တော့ သူတို့နှစ်ဦး သွားနေကြ Private Cinema ထံသို့သာ ရောက်လေ၏။

အကြိမ်ပေါင်းမြောက်မြားစွာရောက်သော်လည်း ကောင်တာမှ အစ်ကိုကြီးသည် သူ့ကို ကြည်ပုံမရသေးဟု ဟန်မင်းပိုင်တွေးကာ တိတ်တဆိတ်သက်ပြင်းချသည်။ အခွေထည့်ပြီး လှဲလျောင်းအနားယူရန် ပြန်လာသည့် ရှင်းသန့်မောင်သည် ပူပင်သောကရောက်နေသည့် လူကြီးလေးတစ်ယောက်လို။ သက်ပြင်းချနေသည့် ဟန်မင်းပိုင်ကို ကြည့်ကာ ထိုကောင်လေး၏ နှာခေါင်းကို အသာဆွဲဖျစ်၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now