အပိုင်း - ၉ : Server တစ်ခုလုံးက မင်းကို မနာလိုဖြစ်စေရမယ်။ (Z+Uni)

6.7K 929 122
                                    

-Zawgyi


ရွှေပြားငါးရာ အညာခံလိုက်ရသည့်ကိစ္စသည် ဟားစရာတစ်ခုဟု သတ်မှတ်ထားရာမှ Dungeon အတူတူဝင်ချိန်တွင် ပိုအဖြစ်ဆိုးခဲ့၏။

<Party> Achawlay : .........

<Party> Little_wolf : ကျွန်တော်...

ရှင်းသန့်မောင် သေနေသည့် အကောင်လေးကိုကြည့်ပြီး ဘာပြော၍ပြောရမှန်းမသိ။ သူတို့ Dungeon ဝင်တာ အစပိုင်းတင်ရှိသေး ထိုကောင်လေးက သေသွားပြီ။ ဗုဒ္ဓေါ! ငါ ရှင်းသန့်မောင် ဒီလောက်မညံ့ပါဘူး သူက ဘာလို့ ချက်ချင်းသေသွားရတာလဲ! ငါ Low level တွေကို လိုက်ပြီး dun ဝင်ပေးဖူးပါတယ်။

<Party> Achawlay : Release spirit မလုပ်နဲ့!!!

<Party> Little_wolf : .........

ရှင်းသန့်မောင် ထပ်ဆွံ့အပြန်သည်။ ဒီ.ကောင်.လေး.က.ဘယ်.လို.ကောင်.လေး.လဲ!!!

<Party> Achawlay : ငါမင်းကို ပြန်ရှင်ပေးလို့ရတယ်လေ။

<Party> Little_wolf : warlock မှာ ပြန်ရှင်လို့ရတဲ့ spell မှ မပါတာ။

<Party> Achawlay : သြော် ဒါတော့ သိသေးတယ်ပေါ့။

<Party> Little_wolf : ကျွန်တော်နဲ့အတူတူ quest လုပ်ဖူးတဲ့တစ်ယောက် ပြောပြဖူးလို့။

ရှင်းသန့်မောင် သေနေသည့် သမန်းဝံပုလွေများကြားတွင် ခပ်တည်တည်ထိုင်ချကာ သူ့ရှေ့မှ အလောင်းကောင်လေးကို ကြည့်နေလိုက်သည်။ သူ့အလောင်းတော့ သူ ပြန်လာကောက်တတ်ပါတယ်နော်။

<Party> Achawlay : မင်း အလောင်းတော့ မင်းပြန်လာကောက်တတ်ပါတယ်နော်။

<Party> Little_wolf : ဟုတ်။

<Party> Achawlay : တော်သေးတာပေါ့။

<Party> Little_wolf : ကျွန်တော်လာနေပြီ။

<Party> Achawlay : လာလာ ငါ ထိုင်စောင့်နေတယ်။

သမန်းဝံပုလွေများ၏ အလောင်းထံမှ ကောက်ထားသည့် ပစ္စည်းများကို သူ့အိတ်ထဲတွင် မွှေနှောက်ကြည့်နေ၏။ green item များကို သူ မျက်နှာသေဖြင့် ကြည့်နေသည်။ ဆင်းရဲသားပစ္စည်းတွေ။

<Guild> Achawlay : ဟေ့ guild bank ထဲမှာ enchanting trainer တွေအတွက်ထည့်ထားတဲ့ ထဲက 22 item ဘာရှိလဲ။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now