အပိုင်း - ၅၀ : အစားနဲ့မျှားမယ်ဆို ကမ္ဘာဆုံးထိ လိုက်မယ့်ဝံပုလွေပေါက်စ။ (Z+U)

5.8K 887 71
                                    

Zawgyi

ဟန်မင်းပိုင်တစ်ယောက် ညမအိပ်ခင် ခုတင်ပေါ်သို့ ပစ်လှဲ၏။ သူ့နှုတ်ခမ်းကို သူ ပြန်ကိုင်ကြည့်သည်။ ပါးပြင်သည် ပူနွေးလာရ၏။ ထိုသူ၏ နှုတ်ခမ်းအနွေးဓာတ်ကို သူ ခံစား၍ရသေးသည်။ သူ့ကို အိမ်အထိ လိုက်ပို့မည်ပြောနေသည်ကိုငြင်းဆန်ပြီး သူ Grab နှင့်သာ ကိုယ့်ဘာသာပြန်လာရ၏။ Avatar ကား ဘယ်လိုပြီးသွားမှန်း မသိလိုက်အောင်ပင် သူ ထိုသူနှင့် အနမ်းချင်းဖလှယ်ခဲ့မိမှတော့ ထိုသူကို ဘယ်လိုလုပ် ကားပေါ်တွင် ထပ်ပြီး မျက်နှာချင်းဆိုင်ရဲမှာလဲ။

"သူ့ကို နမ်းရတာကောင်းတယ်..."

ရှင်းသန့်မောင်၏ နှုတ်ခမ်းအတွေ့ကို သူ သဘောကျသည်။ ရေရွတ်ပြောမိပြီးမှ မျက်နှာကို လက်ဖြင့်အုပ်၏။ အား!!! သူတော့ နှာဘူးကြီးကျနေတာပဲ!!! ဖက်ခေါင်းအုံးကိုပိုက်ကာ ခုတင်ပေါ်လှိမ့်နေစဉ် အသာစေ့ထားသည့် အခန်းတံခါးကို တွန်းဝင်လာသည့် စနိုး။

"စနိုး လာ ခုတင်ပေါ်ကို..."

ညောင်ဟု တစ်ချက်အော်ကာ သူ့ခုတင်ပေါ်တက်လာသည့် စနိုးကို လှမ်း၍ သူ ချီ၏။

"မင်း တိတ်တိတ်နေ ငါ ဒီနေ့ကျောင်းလစ်တယ်... ငါ့ရည်းစားနဲ့သွားချိန်းတွေ့တာ..."

ကြောင်၏ မျက်လုံးစိမ်းစိမ်းလေးသည် သူ့သခင်ကိုသာ ကြည့်၏။

"ကိုလင်းသိရင်တော့ ငါ့ကို သတ်မှာပဲ... ဟူး..."

မျက်နှာငယ်လေးနှင့် ဟန်မင်းပိုင်သည် အမွှေးရှည်ရှည်ဖွာဖွာကြောင်လေးကိုပိုက်ကာဆိုသည်။

"ကျောင်းလစ်ပြီး အခုလို သွားတွေ့တာ မကောင်းတော့ မကောင်းဘူး..."

သူက ပြောလိုက် ကြောင်ကညောင်လိုက်ဖြင့် ဟန်မင်းပိုင်တစ်ယောက် အမေးအဖြေလုပ်နေခဲ့သည်။ ကြောင်ကလည်း သူ့ သခင်စကားဆုံးတိုင်း ညောင်ညောင်သာ အသံပြေးပေးတတ်သည်။ ဖုန်းလာသံကြောင့် သူ ဖုန်းကို ကောက်ကိုင်တော့ Caller ID တွင်ပေါ်နေသည့် အမည်က ရှင်းသန့်မောင်။ ပိုက်ထားသည့် ကြောင်ကို ပစ်ထုတ်ကာ ဖုန်းကို အပြေးအလွှားကိုင်၏။ ကြောင်ခမျာ စိတ်နာစွာဖြင့် သခင်ဖြစ်သူကို မျက်စောင်းထိုးကာ ခုတင်ပေါ်မှ ဆင်းသွားရရှာသည်။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now