အပိုင်း - ၃ : Heroic Dynasty

12.1K 1K 83
                                    

-Zawgyi

အပိုင်း - ၃ : Heroic Dynasty

Heroic Dynasty MMORPG ဂိမ်းသည် လက်ရှိတွင်ရေပန်းစားနေသည့် ဂိမ်းအမျိုးအစားဖြစ်သည်။ ထိုဂိမ်း၏ ရေပန်းစားရသည့် ဂိမ်းက အခြားသော ဂိမ်းများလို မကောင်းဆိုးဝါးများဝင်ရောက်၍ ကမ္ဘာကြီး ပြန်လည်ကောင်းမွန်စေရန် တရားသဖြင့်သူများ အနေဖြင့် ကစားရခြင်းမျိုးမဟုတ်ဘဲ။

Heroic Dynasty ကို စတင်ဝင်ရောက်သည်နှင့် Player တစ်ယောက်သည် Faction နှစ်ခုအနက် တစ်ခုရွေးချယ်ရလိမ့်မည်။ ဆိုးရွားသည့် သူများစုစည်းထားသည့် Barbarian Faction လား၊ ယဉ်ကျေးပညာတတ်များ စုစည်းထားသည့် Alliance Faction လား။ ထိုသို့ ရွေးချယ်ပြီးလျှင် ထို Faction တွင်နေထိုင်သည့် မျိုးနွယ်စုများကို ရွေးချယ်နိုင်ပေ၏။ Faction ဟုဆိုရာတွင် တစ်ဖက်နှင့်တစ်ဖက် ဘယ်တော့မှ မပေါင်းစည်းနိုင်သည့် အဖွဲ့နှစ်ခုဟု အလွယ်နားလည်ထား၍ရသည်။

Faction တစ်ခုတွင် မျိုးနွယ်စု(race) ငါးခုပါဝင်၏။ မျိုးနွယ်စုတစ်ခုသည် မြို့တစ်မြို့စီကို အစိုးရသောကြောင့် Faction တစ်ခုတွင် မြို့တော်ငါးမြို့တော်ရှိသည်။ ထို့အတွက်ဤဂိမ်းကမ္ဘာတွင် မြို့တော်ဆယ်ခုရှိပြီး အခြားမြို့လေးများနှင့် ကျေးရွာလေးများ ပါဝင်သည်ဟုဆိုရလိမ့်မည်။

Barbarian Faction တွင်တော့ Troll ဟုခေါ်သည့် ခါးကိုင်းကိုင်းမျက်နှာဖုံးတပ်သည့် အစွယ်ဖြင့် သတ္တဝါများနေထိုင်သည့် Race။

Orc ဟုခေါ်သည့် စိမ်းရွှေရွှေအသားအရည်ရှိပြီး ပုပုကွကွ အစွယ်ဖြင့် ဘီလူးများ။

Blood elf ဟုခေါ်သည့် နားရွက်ရှည်ရှည်မျက်လုံးစိမ်းစိမ်းဖြင့် တောနတ်၊နတ်သမီးများသဖွယ်လှပသည့် elf မျိုးနွယ်စု။

Beastman ဟုခေါ်သည့် တိရိစ္ဆာန်တစ်ပိုင်းလူတစ်ပိုင်း မျိုးနွယ်စုများနှင့်

Undead ဟုခေါ်သည့် သေဆုံးခြင်းမှ ကင်းလွတ်ပြီး ယုတ်ညံ့သည့်မျိုးနွယ်စုများ ပါဝင်သည်။

Alliance Faction တွင်တော့

Human ဟူသည့် လူသားမျိုးနွယ်စု

Gnome ဟူသည့် မင်စာသေးသေးလေးများ။

Dwarf ဟူသည့် လူပုလေးများ။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now