အပိုင်း - ၃၉ : မမျှော်လင့်ဘဲ ပြောဖြစ်တဲ့ ဖွင့်ပြောမှု (Z+U)

4.7K 817 90
                                    

Zawgyi

ထိုကောင်လေးသည် သူ့ကို အမှန်တကယ်ပင် ပြန်ကောင်းသည့် ကောင်လေးဖြစ်သည်။ အွန်လိုင်းတက်လာ၍ သူ့အလုပ်သူ လုပ်ပြီးသည်နှင့် သူ့ကို လာကူတတ်၏။ ရံဖန်ရံခါတွင်တော့ သူတို့အတူသေကြရသည်။ ဆာဗာတစ်ခုလုံးတွင် သူ့ရန်သူများက မနည်းမနောပေပဲကို။

<Team>Fearless : ခင်ဗျားက တကယ်ကို ရန်သူများခဲ့တာပဲ...

ဟန်မင်းပိုင်အပြောကြောင့် ရှင်းသန့်မောင် ဟီးဟီး တစ်လုံးသာ စာပြန်ရိုက်နိုင်၏။

<Team>FoolForLove : Quest လုပ်ရတာ မချောင်ပါဘူးကွာ... ငါ Dun မှာပဲ Level တင်ရင်ကောင်းမလားပဲ။

Quest လုပ်ရတာ သိပ်မတွင်လှ။ သူတို့ တစ်ပတ်ကျော်ကျော်တောင်မှ Quest သည် သုံးလေးခုသာ ပြီးသည်။ ဟန်မင်းပိုင်တစ်ယောက် ထိုသူကို ကူကတည်းက တစ်နေ့တစ်နေ့ သူ လုပ်ရသည့်အလုပ်က ဂိမ်းထဲတွင် သူ့အလောင်းသူ ကောက်နေရခြင်း။

<Team>Fearless : အဲ့လိုဆို ခင်ဗျားကောင်ကြီးက ပျော့ဖတ်နေမှာပေါ့...

<Team>FoolForLove : ငါလည်း မကြိုက်ပေမဲ့ မင်းလည်း တစ်ချိန်လုံးသေနေရတာ စိတ်ညစ်နေရောပေါ့...

<Team>Fearless : အမှန်ပဲ... ဒီတစ်ပတ်ထဲ ကျွန်တော် သေတဲ့အကြိမ်က ရာတောင်ချီနိုင်တယ်... Battle ဝင်တာတောင် အခုလောက်မသေဘူး...

<Team>FoolForLove : ငါ Gold တွေခိုးပေးရမလား...

ဟန်မင်းပိုင် မျက်ခုံးပင့်သည်။

<Team>Fearless : ဘာကိစ္စနဲ့ ဒီဘက် Faction ကို လာဆော့နေတာလဲ... ခင်ဗျား လှတာလေးတွေပဲ ကြိုက်တာမဟုတ်ဘူးလား... gnome တွေက မလှပါဘူး...

မင်းရှိနေလို့လေ ဆိုသည့်စကားကို ရှင်းသန့်မောင် မပြောခဲ့။ ဟန်မင်းပိုင်သည်လည်း ထပ်မမေးဖြစ်ခဲ့။

<Team>FoolForLove : လာပါကွာ... Dun ထဲပဲ Level သွားတင်တော့မယ်... ပြီးမှ ငါ Item ဝယ်လိုက်မယ်...

ရှင်းသန့်မောင် သဘောအတိုင်းသာ ဟန်မင်းပိုင် ပင့်ကူပေါက်များသတ်သည့် Dungeon သို့ ဝင်သွားရပြန်သည်။ ထိုအချိန်တွင် World Chat သည် အတင်းပြောခြင်းတို့နှင့် ပြည့်နှက်သွား၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now