အပိုင်း - ၃၂ : လောလောဆယ် ထွက်ပြေးတာ အကောင်းဆုံးပဲ။ (Z+U)

5.4K 855 127
                                    

"အဟဟ နောက်ဆုံးတော့ ငါတို့ ပြုတ်သွားခဲ့ပြီ..."

ရယ်နေနိုင်သေးသည့် ထွန်းအောင်ကျော်ကို လင်းယုဝေဒီတိုင်းသာ ကြည့်နေလိုက်သည်။ ဒုတိယနေ့ပွဲစဉ်တွင် သူတို့သည် ဖိုင်နယ်သို့မတက်နိုင်စွာဖြင့် တပ်ခေါက်သွားပြီမို့ လူကြမ်းလေးများအသင်းနှင့်ထိပ်တိုက်မတွေ့ရတော့။ လင်းယုဝေ ငြိမ်နေသည့် ညီဖြစ်သူကိုကြည့်ကာ...

"မင်း ဘာဖြစ်နေတာလဲ... ဒီနေ့ အမှားတွေအများကြီးလုပ်တယ်..."

"ကျွန်တော် ညက အိပ်ရေးမဝလိုက်လို့..."

မျက်တွင်းအနည်းငယ်ချိုင့်နေသည်ကို ကြည့်ပြီး လင်းယုဝေ ညီဖြစ်သူ၏ ခေါင်းကို အသာပုတ်ကာ...

"ငါ အအေးသွားဝယ်လိုက်ဦးမယ်... ထွန်းထွန်းနဲ့စောင့်နေလိုက်..."

ဖိုင်နယ်ပွဲစဉ်ကို ကြည့်ရန်ရည်ရွယ်ထားသည်မို့ အိပ်ရေးမဝသူ ညီငယ်ကို သူ ကျွဲရိုင်းလောက်တော့ တိုက်သင့်သည်ဟု ထင်ပြီး အအေးဆင်းဝယ်၏။

"မင်းက ဘာဖြစ်နေတာလဲ... အိပ်ရေးမဝတာ အဆန်းလည်းမဟုတ်ဘဲနဲ့..."

ထွန်းအောင်ကျော်ကို သူ ကြည့်ကာ တစ်ခုခုပြောမည့်အချိန်တွင် ဓာတ်လှေကားမှ အပေါ်ထပ်သို့ တက်လာသည့် လူကြမ်းလေးများအဖွဲ့။ သူတို့ကလည်း လှေကားအနီးတွင် ရပ်နေကြသည်မို့ သူနှင့် ထိုအုပ်စုထဲမှ တစ်ယောက်သောသူသည် အကြည့်ချင်းဆုံသွားတော့သည်။ ရုတ်တရက်တောင့်ခနဲဖြစ်သွားပြီးနောက် သူ ဘာလုပ်လို့လုပ်ရမှန်းမသိတော့သဖြင့် အနောက်သို့လှည့်ကာ...

"သွားရအောင်..."

"ဘယ်ကိုလဲ မင်းအစ်ကိုက မင်းကို စောင့်နေခိုင်းတယ်လေ..."

"ငါ မစောင့်နိုင်တော့လို့..."

"အမ်..."

"ငါ အခုချက်ချင်းအအေးသောက်ချင်လာလို့..."

တစ်ဖက်သူသည် နှုတ်ဆက်ခြင်းမပြုနိုင်ခင် သူ ထွန်းအောင်ကျော်၏ ကျောပိုင်းအိတ်ကို အတင်းဆွဲကာ သူတို့အနား ထိုသူမရောက်ခင်ထွက်သွားတော့သည်။

"ဟေ့ကောင် ဘာလို့ ပတ်နေတာလဲ... ဟိုကနေ သွားလည်း ရတာကို..."

ထွန်းအောင်ကျော်တစ်ယောက် လှေကားကို ပတ်သွားနေသည့် ဟန်မင်းပိုင်ကိုနားမလည်စွာကြည့်ပြောတော့...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now