အပိုင်း - ၁၂ : လူကြမ်းလေးများ။ (Z+Uni)

5.6K 778 50
                                    

-Zawgyi


<Guild> Dathagyi : ဘာလုပ်နေတာလဲ မင်း Dun ထဲမှာပဲ ရှိနေသေးတာလား ပြန်လာခဲ့တော့လေ။

<Guild> Sniffmyass : အေးလေ... နင့် မြင်းကြီးကျပြီမလား လာခဲ့တော့လေ။

<Guild> Tarnaw : ဟေ့ Faction နှစ်ခုလုံးက Scarlet Monastry ရှေ့ရောက်နေပြီ။ မောင်က ဘာလုပ်နေတာလဲလို့ အဲ့မှာ ဝါးရှာမလို့လားစ်~~

<Guild> Achawlay : ကယ်ကြပါ!!!!!

<Guild> .........

ရှင်းသန့်မောင် ထိုကိစ္စကို တကယ်လုံးလုံးမေ့လျော့နေခဲ့ခြင်း။ ထို feature သည် world server တွင်မပါသော်လည်း local server တွင်ရှိသည်။ Event မှကျသည့် mount သည် တစ်နှစ်တစ်ကြိမ်သာ ရနိုင်သည်မို့ ထို mount ကို ကောက်ယူနိုင်သူသည် တစ်နာရီမပြည့်သရွေ့ ထို mount ကို အပိုင်မရနိုင်သေး။ ထိုတစ်နာရီမပြည့်ခင်တွင် mount ပိုင်ဆိုင်သည့် သူကို သတ်နိုင်ပါက အခြားသူတစ်ယောက်သည် ထို mount ကို ရရှိနိုင်သည့် အခွင့်အရေးရရှိသေးသည်။

ထို့အတွက် chance နည်းပါးသည့်တိုင် ကံကောင်းသည့် ကောင်ကို Player များသည် သွားသတ်ခြင်းဖြင့် ထို mount ကို ရရှိနိုင်သည့် အခွင့်အရေးရှိသေးသည်။ Heroic Dynatsy တွင် ကံတရားသည် အရေးမပါ။ သင့်ခွန်အားသာ အရေးပါသည်။ ကံတရားကို သင်သည် ခွန်အားဖြင့် အနိုင်ယူ၍ရသည်။

ယခု ရှင်းသန့်မောင်သည် စိတ်အကောက်ကောင်းကာ ထို Dun သို့နှစ်ယောက်တည်း ဝင်ချလာသဖြင့် ရန်သူပတ်လည်ဝိုင်းသည့် အချိန်တွင်တော့ သူ ကောင်းကောင်းဒုက္ခရောက်ချေပြီ။ အယုတ်တမာ Server ၏ Developer Team သည် တစ်နာရီမပြည့်ဘဲ log out လုပ်သွားပါကလည်း ထို mount ကိုမရတော့အောင် လုပ်ထားသဖြင့် သူ့အနေနှင့် ထိုကောင်လေးကို log out ခိုင်း၍လည်းမဖြစ်။

<Party> Achawlay : ငါတို့ ထွက်ပြေးချင်ရင် မြို့တော်တွေကိုပဲသွားလို့ရမှာ။ ငါက ငြိမ်းချမ်းရေးမြို့တော်မှာ နေတာဆိုတော့ ထွက်ပြေးလို့လွတ်ပေမဲ့ မင်းရဲ့ ဇနပုဒ်ကို မင်းပြေးလို့မရဘူး။ အဲ့မှာ မင်းကို တဖက် Faction ကကောင်တွေ လာသတ်လို့ရတယ်။

<Party> Little_wolf : .........

ဟန်မင်းပိုင် ဘာလုပ်လို့လုပ်ရမှန်းမသိ။ Server တစ်ခုလုံးမှ Player အများစုက ဘာလို့ သူ့ကို သတ်ချင်ကြတာလဲ!!! ဒီ Mount ကအဲ့လောက်တောင်ပဲ တန်ဖိုးကြီးသလား!!!

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now