အပိုင်း - ၁၉ : Level 85 Pet နှင့် Low level လေး (Z+Uni)

4.5K 695 74
                                    

-Zawgyi


"မင်းက သူ့ Pet လား ဟမ်... ကိုယ့် Level မှ ကိုယ်အားမနာ..."

Messenger မှ ဖုန်းခေါ်ပြီး ဘုဘောက်ပြောနေသည့် အာကာမိုးထက် စကားကြောင့် ရှင်းသန့်မောင်ရယ်၏။ အာကာမိုးထက် သူ့နားထဲသို့ ရှင်းသန့်မောင်၏ ရယ်သံလွင်လွင်ဝင် လာသဖြင့် နားယားလာကာ နားကြပ်ကို ဖြုတ်သည်။ ထို့နောက်ပြန်တပ်ပြီး...

"guild war လည်းမရှိသေးဘူး ငါတို့ တစ်နေ့လုပ်စရာတွေလည်း ကုန်နေပြီပဲဟာ... ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ အသဲလေးရဲ့..."

"တိတ်စမ်း မင်းအဖေကို အသဲလေး..."

သူတို့နှစ်ဦးလုံး၏ လက်များသည် Keyboard ပေါ်တွင် သွက်လက်စွာပြေးလွှားနေခဲ့ကြသည်။ တစ်ဖက် Faction မှ ရန်သူတစ်ယောက်ကို သတ်ပြီးတိုင်း သူတို့ကို ဆဲဆိုသံများသည် World Chat တွင် ပလုံစီတက်လာစမြဲ။ လူကြမ်းလေးများအနေဖြင့် ထိုအလုပ်မျိုးလုပ်သည်က အခုမှလည်း မဟုတ်သဖြင့် သူတို့ နည်းနည်းလေးမှ အရေးမစိုက်။

"ဘာလို့ မင်း အခုလိုလုပ်နေတာလဲ..."

ရှင်းသန့်မောင် အနေနှင့် အကြောင်းရင်းမရှိဘဲ မလုပ်တတ်သည်ကို သိနေသည်မို့ အာကာမိုးထက် မေးခွန်းထုတ်သည်။ မသိစရာလည်းမရှိ။ ဒီအကျင့်မကောင်းသည့် မသာကောင်နှင့် အတူတူရှိနေသည်က မွေးကတည်းက။ တစ်ရက်ထဲတစ်ချိန်ထဲ အတူမွေးလာသည့် သူတို့နှစ်ကောင်၏ မိခင်များသည် သူငယ်ချင်းများလည်းဖြစ်ကြသည်။

"ဒီနေရာမှာပဲ ငါ ချစ်ကြည့်လို့ရတာမဟုတ်လား... ငါ ပြောတာ visual တွေအနေနဲ့... သူ့ကိုငါချစ်တယ်... ငါ လိုက်လုပ်ပေးတယ်... သူက ငါ့ကိုအားနာလို့ အလိုက်အထိုက်နေပေးတယ်... ဒါက လုံလောက်ပါတယ်..."

"အဲ့ဒါက အချစ်မှ မဟုတ်တာ..."

"မင်း ကောင်မလေးကို လုပ်ပေးလို့ရတဲ့ အရာတွေကို ငါ လုပ်ပေးလို့မရဘူးလေ..."

ရှင်းသန့်မောင်အသံက တည်တည်ငြိမ်ငြိမ်သာ။ အာကာမိုးထက် တိတ်ဆိတ်သွားသည်။

"ဒါပေမဲ့လည်း ဒါက မှားနေတယ်... တစ်ဖက်သူက မင်းကို သံယောဇဉ်တွယ်သွားပြီးမှ မင်းက သူထင်ထားသလို မဟုတ်ဘူးဆိုရင် အဲ့ဒါက ကောင်းတဲ့ကိစ္စဖြစ်လာမှာမဟုတ်ဘူး..."

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now