အပိုင်း - ၁၀ : ကျွန်တော် ခင်ဗျားနဲ့တွေ့တာ ကံကောင်းတယ်လို့ လုံးဝ မထင်ပါဘူး။

6.5K 899 137
                                    

-Zawgyi


Scarlet Monastry Dungeon

<Party> Achawlay : ငါ မင်းကို တကယ်ကြီး အသေနိုင်ဆုံးဆုပေးချင်လာပြီ။

<Party> Little_wolf : သူရှိနေတာကို ကျွန်တော် မမြင်လိုက်လို့...

<Party> Achawlay : ပြန်ခုတ်ပြီး ငါ့နားပြေးလာလေ! နောက်ပြီး မင်းမှာ သူ့ကို မူးအောင်လုပ်လို့ရတဲ့ spell ပါတာပဲကို။

အသက်ပြန်ရှင်အောင် လုပ်၍ရသည့် item ဖြင့် ဝံပုလွေပေါက်ကို ပြန်ရှင်ပေး၊ ဆေးပတ်တီးစည်းပေးကာ သွေးဖြည့်ပေးနေရင်းမှ ရှင်းသန့်မောင် ဘုတောသည်။ သူတို့ ထို Dungeon ထဲဝင်တာ အခုမှ ပထမဂိတ်ဝပဲရှိသေးတယ် ထိုကောင်လေးသေသွားတာ နှစ်ခါရှိပြီ။ နှစ်ခါတောင်ရှိပြီ!!! ဒီကောင်လေးက သေပဲသေတတ်တာလား!

<Party> Achawlay : ဒီဘုန်းကြီးကျောင်းက ဂိတ်ဝလေးခုရှိတယ်။ ခုပထမဂိတ်ဝမှာ Boss သုံးကောင်ရှိတယ်။ ပထမ Boss ကတော့မင်းအတွက်အသုံးဝင်တဲ့ item ကျမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒုတိယ Boss က မင်းအတွက် အသုံးဝင်မဲ့ item ကျလိမ့်မယ်။

<Party> Little_wolf : ဟို ဒီ Dun ကို ဘာလို့ဝင်တာလဲ။

ခေါ်၍သာ လိုက်လာရသည်။ ဘာကြောင့် သူ ဒီ Dungeon ကိုရောက်လာမှန်း ဟန်မင်းပိုင် နားမလည်နိုင်။ မြက်ခင်းပေါ်တွင် ထိုင်နေသည့် သူ့ဘေးတွင် မျက်လုံးစိမ်းများဖြင့် မိန်းမလှလေးသည် ဒူးတုပ်ထိုင်ကာ သူ့ကို ပတ်တီးစည်းပေးနေခဲ့သည်။ သူတို့အခုရောက်နေသည့် နေရာက ထိုအချောလေးဟု သူ့ကိုယ်သူ အမည်နာမတပ်ထားသည့် ကောင်မလေးပြောသည့် ဘုန်းကြီးကျောင်း၏ နံပတ်တစ်ဂိတ်ဝမှ First Boss ရှိသည့် စစ်သူရဲကောင်းတို့၏ သူတို့ သားရဲများကို လေ့ကျင့်ပေးသည့် လေ့ကျင့်ရေးကွင်း။

<Party> Achawlay : အဲ့ဒါက ဘာလုပ်ရပြန်တာလဲ။

သူ ပတ်တီးစည်းပေးပြီးသည်နှင့် ပြန့်ကျဲနေသည့် အလောင်းတို့ထံမှ အိတ်လိုက်နှိုက်တော့သည့် ဝံပုလွေပေါက်ကို ရှင်းသန့်မောင်ကြည့်သည်။

<Party> Little_wolf : အလောင်းတွေက ပစ္စည်းတွေလိုက်ယူတာလေ။

ထိုကောင်လေး၏ အဖြေက သူ သိပြီးသား ကိစ္စတစ်ခု။ ရှင်းသန့်မောင် မျက်လုံးလှန်ပြီးခေါင်းယမ်းကာ ကွန်ပျူတာကို ပြန်ကြည့်သည်။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now