အပိုင်း - ၅ : အသဲလေးက အမှတ်အတေးကြီးလိုက်တာ။(Z+Uni)

8.8K 1K 122
                                    

-Zawgyi


Achawlay is online now.

<Guild> Pankalay : အစ်ကိုရှင်းသန့် လာပြီလား။

<Guild> Achawlay : အင်း ဘာလို့တုန်း။

<Guild> Pankalay : ကိုဒဿတို့ Winter Camp ကို သွားကြပြီ။

<Guild> Achawlay : အမ် ဘာသွားလုပ်တာလဲ။

<Guild> Pankalay : အစ်ကို့ရဲ့Little_Wolf...

ရှင်းသန့်မောင် ပန်းကလေးဆက်ပြောမည့် စကားကို စောင့်ရင်း သူ ကော်ဖီအရင်သွားဖျော်၏။ သောကြာနေ့ညတွင် သူတို့ ဝင်နေကြ Dungeon ဝင်ရမည်မို့ သူ ကော်ဖီစောစောဖျော်ထားရန် လိုသည်လေ။ သောကြာနေ့ ပုံမှန်ဝင်နေကြ Dungeon ဝင်ရမည်မို့လည်း သူတို့ Guild တွင် လူစုံတက်စုံရှိနေကြောင်း Guild Pannel တွင် သူ မြင်ရသည်။ အမြဲတမ်း မီးခိုရောင်သမ်းနေသည့် အမည်များပင် စိမ်းနေကြသေး။

<Guild> Pankalay : Guild က lvl 78 တွေကအဲ့မှာ Quest လုပ်နေကြတာကို တခြားသူတွေကို ဘာမှမလုပ်ဘဲ ကျွန်တော်တို့ Guild နာမည်ပါတဲ့ သူတွေကို လိုက်သတ်နေလို့။

ကော်ဖီခွက်လေးကိုင်ကာ ကွန်ပျူတာရှေ့တွင်ထိုင်ပြီး သူ ပန်းကလေး ပြောထားသည်ကို ကြည့်ကာ ခွိခနဲပင်ရယ်မိသေး။ ဒီကောင်လေးဟာ တကယ်ကို သူ့ကိုတင်းနေတာပဲ။ Dire_Wolf ဆိုသည့် Guild ဖွဲ့ထားခြင်းသည် သူ့ကို သတ်ရန်ဆိုသည်ကိုလည်း သူသိရသေးသည်။ အတော်လည်း ရယ်ရပြီး ချစ်ဖို့ကောင်းသည့် ကလေးလေးပါလားလေ။

<Guild> Achawlay : အဲ့ဒါနဲ့ ဒေါသအိုးဘီလူးကောင်က လူတွေခေါ်ပြီး ဆင်းချသွားတယ်ပေါ့

<Guild> Pankalay : အစက ကိုဒဿတစ်ယောက်ပဲ... ဒါပေမဲ့ Little_wolf က သူ့ကို နှစ်ခါလောက် သတ်လိုက်တယ်... သူ့ဘက်မှာ Healer ပါပုံရတယ်။ နောက်တော့ အစ်မသွန်း လိုင်းတက်လာတာနဲ့ အစ်မသွန်းလည်း လိုက်သွားတယ်။

<Guild> Achawlay : Tank နှစ်ကောင် ဘာသွားလုပ်တာတုန်း။ သွန်းကလေးက Hunter အကောင် လည်းရှိသားနဲ့။

သူ Friend List ထဲမှ သွန်းနှင်းဆု Log in ဝင်ထားသည့် ကာရိုက်တာကိုကြည့်ပြီး ခေါင်းယမ်းသည်။ Little_Wolf က Warrior Class မို့သူတို့သွားခြင်းက ဘာမှသိပ်ထူးခြားမည့်ပုံမပေါ်။ ဂိမ်မာများ၏ စရိုက်အရ အသတ်ခံလိုက်ရသည်နှင့် တစ်ဖက်ကို လိုက်သတ်သည်မို့ သူတို့ ဂိုဏ်းတစ်ခုလုံးနှင့် ဟိုဘက် ဂိုဏ်းတစ်ခုလုံး ဆင်းချလာပုံရသည်။ ရှင်းသန့်မောင်နှုတ်ခမ်းတို့က ပြုံးမြနေ၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now