အပိုင်း - ၆၃ : အခြေနေချင်းမတူညီ။ (Z+U)

5.1K 766 62
                                    

Zawgyi

ဟန်မင်းပိုင်၏ ကျောင်းတက်ရက်တို့သည် သိပ်မသာယာ။ လင်းယုဝေစကားသည် မှန်၏။ သူ့ကို လူတို့သည် မတူညီသည့်အကြည့်များဖြင့် ကြည့်တတ်ကြသည်။ အချို့သည်သာမန်မျှသာဖြစ်သော်လည်း၊ အချို့သည် ရှုံ့ချမှုတို့ပါဝင်သည်။ သူယောကျာ်းလေးတစ်ယောက်နှင့် စကားပြောလိုက်သည်နှင့် ပေးစားချင်သည့် မျက်လုံးတောက်တောက်လေးများလည်း ပါတတ်သည်။

ထိုအကြည့်အားလုံးသည် သူ့စိတ်ကို လေးလံသည့် ထိုးနှက်မှုကိုပေး၏။ ယောကျာ်းလေးချင်းကြိုက်နှစ်သက်မှုက ထိုမျှထိ ဆိုးရွားလို့လား။ ထွန်းအောင်ကျော်သည် သူ့ကို လှမ်းခေါ်ရန်ကြိုးစားသော်လည်း သူက အရင်ထွန်းအောင်ကျော်ကို ရှောင်လိုက်တော့သည်။ သူ့ကြောင့် သူ့သူငယ်ချင်းသည် သူ့လိုလူတစ်ယောက်ပါဟု အထင်ခံရသည်က မကောင်းဘူးမဟုတ်လား။

နှုတ်ဆက်လက်ပြသည်ကို မသိချင်ယောင်ဆောင်ထွက်သွားသည့် ဟန်မင်းပိုင်ကြောင့် ထွန်းအောင်ကျော်၏ လက်သည် လေထဲတွင်သာ တန့်သွားရ၏။ ထွက်သွားသည့် ဟန်မင်းပိုင်နောက်မှ သူ ခပ်မြန်မြန်ပြေးလိုက်သည်။ ယခင်အတိုင်း ပခုံးကို ဖက်လိုက်ချိန်တွင် ကျောင်းကန်တင်းမှ ကောင်လေးအချို့၏ လှောင်သံ။

"ဟဟဟ... ထွန်းထွန်း... မင်းပါ အဲ့လိုကြီးလား..."

"သိချင် မင်းညီမ ငါ့အိမ်လွှတ်လိုက်လေ..."

ကန်တင်းမှ မကြားတကြားလှမ်းလှောင်သည့် နှစ်တူတစ်ယောက်ကို ထွန်းအောင်ကျော် ပက်ခနဲပြန်ပြောသည်။ အပြောခံလိုက်ရသည့် ကျောင်းသားသည် ဝုန်းခနဲထရပ်လာ၏။ ကျောင်းထဲတွင် ရန်ဖြစ်လို့ကတော့ မော်ကွန်းထိန်းနှင့်တွေ့ပြီး သက်သာမည်မဟုတ်။ ဟန်မင်းပိုင်သည် ထွန်းအောင်ကျော်လက်ကို ဖယ်ကာ...

"ထွန်းထွန်းတော်တော့..."

"ထွန်းထွန်းတော်တော့... အခြောက်ကလေး... မင်းရဲ့ဘဲကြီးက မင်းကို သိပ်ချစ်တယ်ပေါ့..."

"ချစ်လို့ပဲ ဂိမ်းဆော့နေရင်းတောင်ခုလို လုပ်ပေးတာပေါ့..."

"အီး ကြက်သီးထစရာကြီး..."

တစ်ယောက်တစ်ပေါက် ပြောနေမှုကို အခြားသောကျောင်းသားတို့သည် ကြည့်ရုံသာကြည့်နေခဲ့ကြသည်။ အချို့ကျောင်းသားတို့၏ နှုတ်ခမ်းတို့တွင် လှောင်ပြောင်ရိပ်တို့ရှိနေပေ၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now