အပိုင်း - ၂၀ : မြေပုံပတ်အရက်သောက်မည့်အဖြစ်မှသည် King Raid ရာသို့။ (Z+Uni)

5K 721 31
                                    

-Zawgyi


<Party> Little_wolf : အခုဘယ်သွားမှာလဲ...

<Party> Achawlay : မင်း Quest လည်းမလုပ်ချင်ဘူးဆိုတော့ ငါတို့ မြေပုံပတ်ပြီး အရက်သောက်ကြမယ်လေ...

ဟန်မင်းပိုင်၏ စူပုတ်နေသည့် မျက်နှာသည် ရာသီဥတု ပြန်သာယာလာတော့သည်။ သို့သော်လည်း ခပ်တည်တည်စာပြန်ရိုက်၏။

<Party> Little_wolf : ခင်ဗျားသူငယ်ချင်းတွေနဲ့သွားမဆော့ဘူးလား...

<Party> Achawlay : မင်းအောက်သွားရင်... သွားမယ်... မြေပုံပတ်ပြီးလျှောက်သွားရအောင်...

အချောလေး စကားကြောင့် ဟန်မင်းပိုင်မျက်နှာသည် ပြုံးရွှင်သွားတော့၏။

<Party> Little_wolf : အင်း ခင်ဗျားက သွားချင်နေတော့လည်း သွားကြတာပေါ့...

ဒီသောက်ကလေးဟာ ဟု ရှင်းသန့်မောင် ရယ်ကာရေရွတ်၏။ Unicorn ကို သူထုတ်တော့ သူ့ကို အံ့သြတကြီးကြည့်လာသည့် ကောင်လေး။

<Party> Achawlay : ဒီ mount က Server မှာ ငါတစ်ယောက်ပဲရှိတာ...

<Party> Little_wolf : အဲ့ဒါက Server ရဲ့ ပထမဆုံး Level 85 ရတဲ့သူကို ပေးတဲ့ mount မဟုတ်လား... သူက မြေပြင်မှာရော၊ ရေပေါ်မှာရော၊ လေမှာရောသွားနိုင်တာလေ...

<Party> Achawlay : အမယ်... အိမ်စာလုပ်သား...

<Party> Little_wolf : ဒီဂိမ်းကို သဘောကျတဲ့ထဲ Mount တွေစုတဲ့ဟာတွေပါတယ်...

<Party> Achawlay : အင်း ကိုယ်ရောပဲ... နောက်ပြီး pro skill တွေကလည်း စိတ်ဝင်စားဖို့ကောင်းတယ်...

မြင်းပေါ်သို့ သူ တက်တော့ မိန်းမလှလေးက ယောကျာ်းလေးတစ်ယောက်ကို အနောက်မှ သိုင်းဖက်ထားသည့် ပုံမျိုးဖြစ်နေသဖြင့် ဟန်မင်းပိုင် ခွက်ထိုးခွက်လန်ရယ်သလိုရှင်းသန့်မောင်သည်လည်း တစ်ဖက်တွင် မထော်မနန်းပုံရိပ်ကို ကြည့်ပြီး ရယ်နေတော့သည်။

<Party> Little_wolf : LOL ဒါ ဘယ်လိုပုံကြီးလဲ...

<Party> Achawlay : အေး...

သူတို့ Heaven City တွင်ထိုအတိုင်းဖြတ်သွားကြသည်ကို Server မှ လူများသည် တအံ့တသြကြည့်၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now