အပိုင်း - ၃၈ : အင်း ကျွန်တော်ကာကွယ်မှာပေါ့...(Z+U)

4.7K 806 87
                                    

Zawgyi

Character Change ပြီးနောက်တွင် ဟန်မင်းပိုင်အေးအေးဆေးဆေး ဂိမ်းဆော့ရ၏။ စာမေးပွဲတွင်း မဆော့ရသမျှ စာမေးပွဲပြီးသွားပြီမို့ ဟန်မင်းပိုင် အတိုးချဆော့နေတော့၏။ စာမေးပွဲလည်းမရှိတော့ပြီမို့ သူ့ ဂိမ်းဆော့ခြင်းနှင့်ပတ်သက်ပြီး အိမ်သည် မည်သည့်ဝင်ရောက်စွက်ဖက်ခြင်းကိုမျှမပြု။ သူ သာသာယာယာ ဂိမ်းဆော့၍ရသည်။

<PM>Fearless : ငါတို့ Battle ဝင်ဦးမှာလား...

<PM>Insane : တော်ပြီ ငါ့ကောင်မလေး ရစ်နေတယ်...

ငိုမဲ့မဲ့ sticker နှင့်အတူတက်လာသည့် ထွန်းအောင်ကျော် စာတန်းကြောင့် ဟန်မင်းပိုင် တစ်ဖက်မှရယ်သည်။

<PM>Fearless : ကောင်းတယ် မင်းဘာသာ ရှည်တာလေ...

<PM>Insane : ဟုတ်တယ်... ဟုတ်တယ်... ငါက မင်းလိုမျိုး လူလိမ္မာလေးမဟုတ်ဘူးလေ...

ထွန်းအောင်ကျော်၏ ခနဲ့မှုကြောင့် ဟန်မင်းပိုင် ပိုရယ်တော့သည်။

<PM>Insane : တကယ် အာရုံစားတယ်ကွာ... စာမေးပွဲနီးပြီး ဂိမ်းဆော့လက်ဖက်ရည်ဆိုင်ထိုင်တယ် ဘာညာနဲ့... စာမေးပွဲပြီးတော့လည်း သူ့ကို လာမတွေ့လို့တဲ့ ဟကောင်ရ အိမ်က လွှတ်ဦးမှကိုး...

<PM>Fearless : အဲ့ဒါကတော့ မင်းဘာသာ အပူရှာထားတာကိုး...

<PM>Insane : အေးကွာ... ငါ့ဘာသာရှာတာ... ငါလုပ်တာပဲ...

ထွန်းအောင်ကျော်၏ ညည်းညူနေမှုကြီးကိုကြည့်ပြီး ဟန်မင်းပိုင်တစ်ဖက်မှ တခွိခွိ။

<PM>Insane : ချီး အောက်ပြီကွာ... ဖုန်းလာနေတယ်... ဂိမ်းထဲမှာဆို ငါ့ကို ပွားဦးမယ်...

ပြောပြီးသည်နှင့်ပျောက်သွားရသည့် ထွန်းအောင်ကျော်ကို သူ RS တွေများဆိုပြီးပင် မနောက်လိုက်ရ။ လုပ်စရာလည်း မရှိတော့ပြီမို့ သူ မအောက်ခင်လေး ဆေးပင်နည်းနည်းခူးရင် Low Level တို့၏ နေရာသို့ရောက်သွားရ၏။ ထိုနေရာတွင်တော့ Mage လူပုလေးတစ်ယောက်။ ကြီးမားသည့် ကျားဖြူမှ လိုက်ပြီး ထိုလူပုကောင်လေးကို ခုတ်နေခဲ့သည်။ ဟန်မင်းပိုင် ဆွံ့အစွာကြည့်သည်။ ဘယ်အရူးက Elite တစ်ကောင်ကို low level လေးနဲ့ သတ်ဖို့လုပ်နေတာလဲ။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Tahanan ng mga kuwento. Tumuklas ngayon