အပိုင်း - ၂၇ : တစ်နှစ်တာ အထင်လွဲနေမှု (Z+Uni)

5.4K 904 134
                                    

Zawgyi

"မင်း သဘောမကျဘူးဆိုရင် ဘာလို့ အခုချိန်ထိနေနေသေးလဲ အကြောင်းပြပြီး အိမ်ပြန်လိုက်တာ မဟုတ်ဘူး..."

ရှင်းသန့်မောင်၏ မျက်နှာမကောင်းမှုကိုကြည့်ပြီး အာကာမိုးထက်တစ်ယောက် လက်ဆေးနေရင်း ဗျစ်တောက်ဗျစ်တောက် ရေရွတ်နေ၏။ ရှင်းသန့်မောင်ကတော့ ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြင့်သာ...

"သူက ငါ့ကို တကူးတကလာရှာပြီး အခုချိန်ထိတောင် နေပေးနေတာ... ဒီကလေးရဲ့ စိတ်ကောင်းလေးကို ငါက ဘယ်လိုလုပ်ပြီး ငြင်းရက်မှာလဲ..."

"ငါ အမြဲတမ်း မင်းကို မှာတယ်မဟုတ်ဘူးလား..."

အာကာမိုးထက်ဘက်ကို ရှင်းသန့်မောင်မှန်ထဲမှသာ လှမ်းကြည့်၏။

"ဘယ်သူထိခိုက်ထိခိုက် မင်း မထိခိုက်စေနဲ့လို့..."

"မင်းသာ မင်းအဖေကို ဒီကိစ္စနဲ့စိတ်နာနေတာမဟုတ်ဘူးဆိုရင် ငါ မင်းကိုပဲ ပစ်ကြွေမိတော့မှာပဲ..."

"ဖင်ဆောင့်ကန်ရင် မင်းသေဦးမယ်..."

အာကာမိုးထက်၏ ဒေါကြီးမောကြီးရေရွတ်မှုကြောင့် ရှင်းသန့်မောင်ရယ်သည်။ အာကာမိုးထက် အိမ်ပေါ်မှ ဆင်းလာသည့် တစ်ခုတည်းသောအကြောင်းရင်းသည် မိခင်သေဆုံးပြီးနှစ်အတော်ကြာချိန်တွင် ဖခင်က သူ့ယောကျာ်းချစ်သူကို အိမ်ပေါ်ခေါ်တင်လာ၍။ ထိုအချင်းအရာနှင့်ပတ်သက်ပြီး လက်သင့်ခံနိုင်ခြင်းမရှိသည့် အာကာမိုးထက်တစ်ယောက် အိမ်ပေါ်မှ ဆင်းလာခဲ့ပြီး သူ့မျက်နှာမြင်တိုင်း သူ့ဖခင် ကသိကအောက်ဖြစ်စေရန် ရည်ရွယ်ကာ တစ်ရပ်ကွက်ထဲတွင်ပင် အဆောင်ငှားနေခဲ့သည်။ ရှင်းသန့်မောင် တွေးရင်းပြုံး၏။ လူကြီးဆန်သည်ဟု ထင်ရသည့် အာကာမိုးထက်တစ်ယောက်ဟာ တကယ်တမ်းဘယ်လောက်များ ကလေးဆန်လိုက်ပါသလဲ။

"သဲလေး ကန်တော့လည်းကိုယ်က ခံရဦးမှာပေါ့..."

"ချီး မင်းကိုချစ်ရမှာ နိပ်တော့မနိပ်ဘူး .. ကွေးလည်းကွေးပေးရဦးမယ်... အောက်ကလည်း နေရဦးမယ်..."

"သြော်... ဒါကတော့..."

ရှင်းသန့်မောင် စိတ်ညစ်နေသည့်ကြားမှပင် ရယ်လိုက်ရသေးသည်။ နောက်တော့မှ အာကာမိုးထက်က သူ့စိတ်ရွှင်အောင် ပြောပေးနေသည်ကို သတိထားမိကာ...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now