အပိုင်း - ၁၄ : ငါ ပျင်းလို့ လိုက်ကူနေတာ။ (Z+Uni)

6.1K 824 50
                                    

-Zawgyi


Little_wolf comes online.

<PM> Achawlay : ဟေး လာပြီလား။

အဖြစ်အပျက်ပြီးနောက်တစ်ရက်နှစ်ရက်ထိ ဝံပုလွေပေါက်ကို မတွေ့လိုက်ရသည်မို့ ရှင်းသန့်မောင် Friend List မှတစ်စုံတစ်ယောက် Online တက်လာတိုင်း အသိပေးသည့် Message တွင် ထိုကလေး၏ အမည်ကိုတွေ့သည်နှင့် သူ ချက်ချင်းထောက်ကာ စကားလှမ်းပြောသည်။

မတွေ့ရခြင်းက ထိုကောင်လေးက ဂိမ်းမဆော့၍မဟုတ်ဘဲ သူတို့နှစ်ယောက် အွန်လိုင်းတက်သည့် အချိန်များက မတူညီကြ၍။ ထိုကလေးငယ်သည် နေ့ပိုင်းသာဆော့ပုံရပြီး သူက ညပိုင်းသာ အဆော့များသည်လေ။ ယခုတော့ ကံကောင်းစွာဖြင့် ထိုကလေးငယ်သည် ညဦးပိုင်းလေးတွင် အွန်လိုင်းဖြစ်နေခဲ့သည်။

<PM> Little_wolf : ဟုတ်...

<PM> Achawlay : အိုး Level 3 ခုတောင် တက်နေပြီပဲ။

<PM> Little_wolf : ဟုတ် ကျွန်တော်က နေ့ပိုင်းတွေပဲ ဆော့လို့အဆင်ပြေလို့ ညဘက်ကျ ဂိုက်မရှိမှ ရတာ။

<PM> Achawlay : သြော်...

ထိုကလေးလေးရှိမည့် နေရာသို့ သူ လိုက်ချသွားချိန်တွင် မြက်ခင်းပြင်တွင် ဝက်ဝံများသတ်နေသည့် ကောင်ကလေး။

ရှင်းသန့်မောင်ပြုံးသည်။ ယနေ့အတွက် သူ လုပ်စရာသည်များလည်းလုပ်ပြီးပြီမို့ သူ့တွင် အလုပ်ရှိမနေ။ သူ လိမ်လိမ်မာမာ သူတို့ Guild Battle လည်းလိုက်ဝင်ပေးပြီးပြီ။ Guild မှသူများနှင့်စုပြီး Battle Point စုသည့်အနေဖြင့် Party Vite ကာ Battle Ground များလည်း ဝင်ပြီးပြီ။ နောက်ပြီး Daily Quest များလည်း လုပ်ပြီးပြီမို့ ပြောရလျှင်တော့ ရှင်းသန့်မောင် အားယားနေသည်။

ထပ်မံပြီး Battle Ground ဝင်ရအောင်ကလည်း သူ့ရဲ့ လက်ရှိ Battle Point က ပြည့်နေပြီမို့ ထို Battle Point များကို မသုံးသေးဘဲ battle ground ထပ်ဝင်လျှင် Battle Point သည် ရမည်မဟုတ်။ ထို့အတွက် ရှင်းသန့်မောင် Battle ထပ်မဝင်။ သူ့အကြောင်းပြချက်က ခိုင်လုံသည့်အပြင် Guild War လည်းမဟုတ်သည်မို့ သူ့ကို သူ့ Guild မှ ဘေးမဲ့ပေးကာ လွှတ်ထားလိုက်သည်။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now