အပိုင်း - ၆၄ : ကျွန်တော်ခင်ဗျားကို ဘယ်တော့မှ လမ်းခွဲမပေးဘူး (Z+U)

5.8K 807 45
                                    

Zawgyi

"ဟန်လေး..."

ဂိမ်းထဲဝင်ရန်ပြင်နေသည့် လက်တို့သည် အစ်ကိုဖြစ်သူ၏ ခေါ်သံကြောင့် တန့်သွားရ၏။ အနားလာရပ်သည့် အစ်ကိုဖြစ်သူကို သူ မော့ကြည့်သည်။ အစ်ကိုဖြစ်သူ၏ မျက်လုံးများတွင် နာကျင်မှုတို့ရှိနေ၏။ သူ့အတွက်ရော၊ သူ့မိခင်အတွက်ရော။

"ဒီကိစ္စက... မင်းအခုငယ်နေသေးလို့ ထင်ယောင်ထင်မှားဖြစ်တာပါ... မင်း ကျောင်းပြောင်းလိုက်ရင်..."

"ကျွန်တော် ကျောင်းပြောင်းမှာပါ..."

ကျောင်းတက်ချိန်သည် မည်မျှထိခက်ခဲသည်ဆိုသည်ကို သူ သိသည်။ နားချမည့် လင်းယုဝေသည် စကားရပ်သွားရ၏။ သူ အတော်လေးကို ပြောရမည်ထင်ထားတာ။ ဟန်မင်းပိုင်က ချက်ချင်းလက်ခံလိုက်သည်တဲ့လား။ သူ့နှလုံးသားသည် တဆစ်ဆစ်နာကျင်လာရ၏။ သူ့ညီငယ်ဟာ ကျောင်းမှာ ဘယ်လောက်များ ခက်ခဲခဲ့ရသလဲ။

"သူတို့က ကျွန်တော့်ရဲ့မတူညီမှုအတွက် တခြားသူတွေကိုပါ ပုတ်ခတ်ကြတယ်... တကယ်ဆို သူတို့သဘောမကျတာက ကျွန်တော့်ကိုပဲ မဟုတ်ဘူးလား? ကျွန်တော့်ကိုပဲ ပြောလို့မရဘူးလား?"

ဟန်မင်းပိုင်၏ မေးခွန်းက ခပ်ရိုးရိုး။ လင်းယုဝေသည် ဖြေရခက်စွာသာကြည့်သည်။

"ထွန်းထွန်းက ကျွန်တော့်အတွက်နဲ့ မဆီမဆိုင်ခံနေရတယ်... သူ့ကို သက်သက်နေပါလို့ ကျွန်တော်ပြောပေမဲ့လည်း အဲ့ကောင်က ခေါင်းမာတယ်..."

ဟန်မင်းပိုင်သည် သူ့အစ်ကိုကိုကြည့်၏။ သူ့ မျက်လုံးများသည် ကြည်လင်နေဆဲ။ ဝမ်းနည်းနေသည်။ နာကျင်နေသည်။ သို့သော် သူ့မျက်လုံးထဲရှိ အကြည်ဓာတ်နှင့်သူ့ကြည်လင်နေမှုက နောက်ကျိမသွား။

"ကျွန်တော် ရှင်းသန့်မောင်ဆိုတဲ့လူကို ချစ်တယ်... အဲ့ဒီအတွက်တော့ ကျွန်တော် မေမေ့ကိုရော၊ ကိုလင်းကိုပါ တောင်းပန်ပါတယ်... ကျွန်တော်ချစ်တဲ့သူက ယောကျာ်းလေးတစ်ယောက်ဖြစ်နေလို့ တောင်းပန်ပါတယ်..."

ခေါင်းကိုငုံ့သွားသည့် ဟန်မင်းပိုင်ကို လင်းယုဝေ စကားမဆိုမိ။ ဒီကောင်လေးဟာ ဘယ်လောက်ထိများ ရှင်းသန့်မောင်ထံ ပျော်ဝင်နေရတာလဲ။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now