အပိုင်း - ၁၆ : အားမနာတတ်တဲ့ ကလေးစုတ်လေး။ (Z+Uni)

5.5K 837 61
                                    

-Zawgyi


<Party> Little_wolf : ဒီနေ့ စာမေးပွဲအမှတ်စာရင်းတွေထွက်တယ်သိလား။

<Party> Achawlay : အင်း...

<Party> Little_wolf : အခု နောက်ဆုံးနှစ်ဝက်မှာ ကျွန်တော် လေးဘာသာ D ပါတယ်။

<Party> Achawlay : တော်တာပေါ့။

<Party> Little_wolf : ဟိုတစ်ခါက လှတယ်ဆိုတဲ့ Dun ကို သွားမယ်ဆို သွားကြမယ်လေ... ကျွန်တော့်ကို Dun Quest လေးတော့ရအောင် လုပ်ပေး... မဟုတ်ရင် အဲ့ဒီ Dun Quest က ရမဲ့ item တွေပါ မရဘဲ နေလိမ့်မယ်... ကျွန်တော့်အတွက် မဟုတ်ရင်တောင် ကျွန်တော် ရောင်းစားလို့ရတယ်...

<Party> Achawlay : မင်းဆိုတဲ့ဟာလေးက ဘယ်လိုကောင်လေးလားပဲ အားနေ ရောင်းစားမယ်ဆိုတာကြီးပဲ...

<Party> Little_wolf : ဒါဆို ခင်ဗျားအတွက် အဲ့ဒါတွေလိုလို့လား...

<Party> Achawlay : ဟင့်အင်း မလိုပါဘူး။

Little_wolf မှ သူ ပေးထားသည့် မြင်းစိမ်းကို ထုတ်တော့ သူကြည့်သည်။ ထိုကောင်လေးက ယနေ့စိတ်အခြေအနေကောင်းနေပုံရသည်။ သူ့ကို ထို Dun နှင့်ပတ်သက်ပြီး အရင်စပြောလာသည်။ ယခင်ကဖြင့် 45 ပြည့်ခါနီးတုန်းက သူ ထပ်ပြောတော့ မဝင်ဘူးဟု ထိုကောင်လေးသည် ငြင်းခဲ့သေးသည်ကို ယခုမှ ဘာများစိတ်ကူးပြောင်းသွားပါလိမ့်။ ထိုကောင်လေးမှ သူတို့အတူဝင်ထားသည့် Dungeon မှကျသည့် Jack ကိုထုတ်တော့ သူလည်း ထိုမြင်းစိမ်းကိုထုတ်၏။ ယှဉ်ရပ်နေကြသည့် သူတို့နှစ်ဦးကို အချို့သော High Level များက မကြည်လင်စွာကြည့်သွားသေးသည်။

ဟန်မင်းပိုင် ထိုမြင်းကို ထုတ်တိုင်း သူ့ကို မကျေမလည်ကြည့်နေသည့် မြင်ကွင်းတို့ကို သူ အသားကျသွားပြီ။ ဒီမြင်းက Level ဂိတ်ဆုံးသမားတိုင်းတွင်တောင်ရှိသည့် မြင်းမှ မဟုတ်တာ။ သူ့လို Level 49 လေးတွင်ရှိသည်ကို သူတို့ ဘယ်ကျေနပ်ပါ့မလဲလေ။

<Party> Achawlay : ငါတို့က couple mount နဲ့ပေါ့လေ။

<Party> Little_wolf : ဘယ်သူကပြောလို့လဲ... တခြားသူတွေမှာလည်း ရှိပါသေးတယ်။

<Party> Achawlay : အဲ့ဒါဆိုလည်း ငါတို့ Dire Wolf mount couple ကိုယူဦးမှပဲ။

<Party> Little_wolf : .........

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now