အပိုင်း - ၅၉ : လက်တွဲဖို့? ဒါကိုစဉ်းစားဖို့အတွက်က ငယ်သေးတယ်မဟုတ်ဘူးလား? (Z+U)

5.5K 859 76
                                    

Zawgyi

"ဘယ်လိုဖြစ်လို့ မင်းရုပ်က ဆယ်ခါပြန်လောက် Battle မှာ အရိုက်ခံထားရတဲ့ရုပ်ဖြစ်နေတာလဲ..."

အာကာမိုးထက် အိမ်မီးဖွင့်ဖွင့်ချင်း အမှောင်ထဲ သေမလိုရုပ်နှင့် ဒူးထောင်ထိုင်နေသည့် ရှင်းသန့်မောင်ကိုမြင်ကာ လန့်သွားပြီးမှ ထိုစကားကို မေးနိုင်ရှာ၏။ ရှင်းသန့်မောင်သည် သူ့ကို မျက်လုံးလေးသာ ရွေ့အောင်ကြည့်ပြီး...

"မင်းအဖေငါ risk တွေယူမိပြန်ပြီ..."

"လဒ ကော်ဖီခွက်ကို ဆေးစမ်း! ပုရွက်ဆိတ်တက်မယ်..."

ကော်ဖီနှစ်ခွက်ကို ဒီတိုင်းတင်ထားသည့် ရှင်းသန့်မောင်ကို အာကာမိုးထက်မာန်မဲသည်။

"မင်းသူငယ်ချင်းရဲ့နှလုံးသားနုနုလေးထက် ဒီကော်ဖီခွက်က ပိုအရေးကြီးလား..."

အိတ်ကို ရှင်းသန့်မောင်ထိုင်နေသည့် ခုံပေါ်ပစ်တင် ဘုရားစင်ပေါ်မှ ဆွမ်းတော်ပန်းကန်ကို စွန့်၊ ထို့နောက် ရှင်းသန့်မောင်ဘက်ပြန်လှည့်လာကာ နားရွက်ကိုဆွဲ၍...

"မင်းအဖေငါ ကော်ဖီခွက်ဆေးလို့ပြောတယ်မလား..."

"မင်းအဖေငါ အသဲကွဲမလားတောင် မသိတဲ့ဟာကို ကော်ဖီခွက်ကအရေးလား..."

"အိမ်ပေါ်ကနေ မောင်းချမခံချင်ရင် ကော်ဖီခွက်ထဆေး မသာကောင်..."

ရက်စက်လိုက်တာဆိုသည့် မျက်နှာဖြင့် ရှင်းသန့်မောင်ကြည့်ကာ မထိပင်မထိခဲ့သည့် ကော်ဖီခွက်ကို ကောက်ယူသည်။ ထို့နောက်ဆွမ်းတော်ပန်းကန်ကိုင်ကာ ထွက်သွားသည့် အာကာမိုးထက်နောက်လိုက်၏။

"ဒါနဲ့မင်းအမြဲတမ်းဘာလို့ ခေါင်းတုံးဆံပင်ပေါက်ပဲ ထားတာလဲ... လူမိုက်လိုလိုနဲ့... မင်းကလေးမိဘတွေက မင်းရဲ့ လူမိုက်ရုပ်ကိုသဘောကျတာလည်း အံ့သြစရာကောင်းသား..."

အာကာမိုးထက် ရှင်းသန့်မောင်ကို လှည့်ကန်၏။ သူ့ဘက်ရောက်လာသည့် ခြေထောက်ကိုအရှောင် ကော်ဖီခွက်များထဲတွင် ကော်ဖီက သောက်ပင်မသောက်ခဲ့သည်မို့ အကုန်ဖိတ်စင်ကုန်တော့သည်။ အာကာမိုးထက်သည် လူယုတ်မာပြုံးဖြင့် ရှင်းသန့်မောင်ကို ကြည့်ကာ...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Où les histoires vivent. Découvrez maintenant