အပိုင်း - ၃၀ : မရီးဆိုတဲ့ဂုဏ်ပုဒ်က သိပ်ကြီးသလား။ (Z+ Uni)

5.7K 885 103
                                    


"ခ... ခဏ..."

Toilet ထဲဝင်လက်ဆေးပြီး ထွက်သွားရန်ခြေလှမ်းနေခိုက် အိမ်သာထဲမှ အူယားဖားယားပြေးထွက်လာကာ လှမ်းခေါ်သည့် ရှင်းသန့်မောင်ကြောင့် ဟန်မင်းပိုင်လှည့်ကြည့်ဖြစ်သည်။ သူ့ လက်မောင်းကို လှမ်းဆွဲမည်လုပ်ပြီးမှ လက်ကိုရုတ်လိုက်ပြီး...

"ငါ လက်မဆေးရသေးဘူး... ခဏလေး..."

လက်ဆေးပြီး လက်အခြောက်ခံနေသည့် ရှင်းသန့်မောင်ကို ဟန်မင်းပိုင် လက်ပိုက်ကာသာ ကြည့်နေလိုက်၏။ ဒီလူ ဘာအတတ်ဆန်းဦးမှာလဲ။

"ငါ မင်းကို ပြောစရာရှိလို့ မင်း ငါ့ကို ဖုန်းနံပတ်လေးဖြစ်ဖြစ်ပေးလို့ရမလား..."

ရှင်းပြချိန်သည် ကြာမြင့်နိုင်သလို လင်းယုဝေသည်လည်း ယောကျာ်းသားမို့ အချိန်မရွေးကျားအိမ်သာထဲသို့ လိုက်လာနိုင်သဖြင့် ရှင်းသန့်မောင် အကင်းပါးစွာ ဖုန်းနံပတ်ကိုတောင်းခံသည်။ ဖုန်းနံပတ်သာရလျှင် သူ အတော်များများလုပ်၍ရသည်မဟုတ်လား။

"0942......"

ခပ်တည်တည် သူ့နံပတ်ကို အစချီပေးလာသည့် ဟန်မင်းပိုင်ကို ရှင်းသန့်မောင် မင်သက်စွာငုံ့ကြည့်သည်။ ထိုကောင်လေးက ဘာလုပ်ဖို့လဲ ဘာလဲညာလဲ မေးမည်ဟု သူထင်ထားတာလေ။ ဖုန်းနံပတ်လေးပေးတာ အဲ့လောက်တောင်လွယ်လား။ အဲ့လိုမှန်းသိရင် ဟန်မင်းပိုင် ဝင်သွားသည့် အိမ်သာတံခါးပြန်ဖွင့်သံကြားတဲ့အချိန်ထိ သူ အိမ်သာထဲကနေ စောင့်မနေပါဘူး။ အခုတော့ သူ့မှာ အရူးလို ထိုကောင်လေးနောက်ကနေ မသိမသာလိုက်ခဲ့ရတာ။

ထိုကောင်လေး အိမ်သာဘေးခန်းထဲတွင် ဝင်နေကာ သူ့ကိစ္စပြီးသွားသည့်တိုင် ထိုကောင်လေး ထွက်လာပြီး လက်ဆေးနေသည်ကို စောင့်နေရသေးသည်။ သူ အပြင်တွင် အလျင်ရပ်စောင့်နေလျှင် ထိုကောင်လေးလှည့်ထွက်သွားမည်ကို စိုးရိမ်ခဲ့ခြင်းက အခုတော့ အလကားတဲ့လား။

ဟန်မင်းပိုင် သူ့ကို အခန်းလွတ်နေသည့်ရုပ်ဖြင့် ကြောင်တောင်တောင်ကြည့်နေသည့် ရှင်းသန့်မောင်ကို မော့ကြည့်ကာ...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now