အပိုင်း - ၅၄ : ဘယ်အချစ်က အမှန်လဲ? (Z+U)

5.1K 825 31
                                    

Zawgyi

"ဘာလို့ မင်း ဒေါသထွက်သွားတာလဲ..."

ထွန်းအောင်ကျော်၏ တီးတိုးမေးမှုကြောင့် ဟန်မင်းပိုင်သည် ရိုးဂုဏ်ရှိရာဘက်သို့ တစ်ချက်စွေကြည့်ခြင်းအပြင် မည်သည့်စကားမှမပြော။ ထွန်းအောင်ကျော်တစ်ယောက် ဟန်မင်းပိုင်ဖတ်စက်ပီပီ တစ်ခါတည်း အဓိပ္ပာယ်ပေါက်တော့သည်။ သူ ဘာပြောရမှန်းပင်မသိတော့။ ရှင်းသန့်မောင်နှင့်ဟန်မင်းပိုင် RS ကြီးတွင် ဘယ်သူက စိတ်ညစ်ရမှာလဲ? အားနေတွေ့ရအောင်လို့ အပြောခံရတဲ့ ဟန်မင်းပိုင်က စိတ်ညစ်ရမှာလား? ဒါမှမဟုတ် ထစ်ခနဲရှိအူတိုစိတ်ပုတ်ခံရသည့် ရှင်းသန့်မောင်က စိတ်ညစ်ရမှာလား? သေချာသည်က ယခုကိစ္စတွင် ရှင်းသန့်မောင်သည် ဟန်မင်းပိုင်တစ်ယောက်၏ ဒေါသထွက်မှုအကြောင်းရင်းမှန်ကို သိလိမ့်မည်မဟုတ်။

ကျောင်းဆင်းသွားချိန်တွင် ရှင်းသန့်မောင်သည် မရှိတော့။ လင်းယုဝေလည်း လာကြိုသည်မို့ ဟန်မင်းပိုင် လင်းယုဝေကားဖြင့် ပါသွားတော့သည်။ ထွန်းအောင်ကျော်ကတော့ ညီအစ်ကိုနှစ်ယောက်ကြားမဝင်ချင်တာရယ် သူ့တွင်လည်း ဂျူတီအကြောင်းတရားများ ရှိနေသေးတာရယ်ကြောင့် အများသုံးယာဉ်လိုင်းဖြင့်သာ လစ်တော့၏။

"ဘာဖြစ်နေတာလဲ..."

မောင်းသူခုံဘေးတွင် ပုတ်သိုးနေသည့်ညီဖြစ်သူကို လင်းယုဝေမေးသည်။

"ဟင့်အင်း... ဘာမှမဖြစ်ပါဘူး... ဒါနဲ့ကိုလင်းက သားကို ဘာလို့အဖော်ခေါ်တာလဲ..."

"ငါတစ်ယောက်တည်းနားပူမခံချင်လို့ ခေါ်လာတော့ မင်းကို အိမ်ပြန်လိုက်ပို့ရဦးမယ်ဆိုပြီး လစ်ထွက်လာလို့ရတယ်လေ..."

ဟန်မင်းပိုင်တစ်ယောက် အစ်ကိုတော်ကို မျက်စောင်းကြီးသာထိုးတော့သည်။ မျက်စောင်း၏ အနက်အဓိပ္ပာယ်သည်ကား... 'သားက ကိုလင်းရဲ့ထွက်ပြေးလက်မှတ်လေးလား' ဟူသည်။ လင်းယုဝေတစ်ယောက် သူ့ညီကြောင့် ရယ်သာနေချင်တော့သည်။

"ဒါနဲ့ ကိုလင်းက တကယ်ကြီးဟိုကိုသွားမှာလား..."

နှစ်ကုန်သည်နှင့် တိုင်းတစ်ပါးသို့ သွားတော့မည့်လင်းယုဝေသည် ပြုံး၍ခေါင်းညိတ်ပြလာ၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now