အပိုင်း - ၈ : ရွှေတွေအညာခံလိုက်ရတဲ့ သူဌေးသားပေါက်စလေး။ (Z+Uni)

7.1K 988 100
                                    

-Zawgyi


သူတို့စတွေ့ခဲ့သည့် လွန်ခဲ့သောနှစ်နှစ်တွင် ဟန်မင်းပိုင်ဆိုသည့် ကောင်လေးသည် ဆယ်တန်းဖြေမည့် အရွယ်လေးပင် ရှိသေးသည်။ သူ ရှင်းသန့်မောင်ကတော့ ဒုတိယနှစ်ကိုပထမအကြိမ်တက်မည့် ကျောင်းသားတစ်ယောက်ဖြစ်၏။ သူ့အသက်က ၁၇ ကျော်ကျော်လေး။ ရှင်းသန့်မောင်သည် ၁၅ နှစ်နှင့် ဆယ်တန်းအောင်ခဲ့သူဖြစ်သည်။

ယခုလ အောက်တိုဘာလသည် သူတို့ဂိမ်းထဲတွင် Halloween Event ရှိနေသဖြင့် လူစည်ကားသိုက်မြိုက်လျက်ရှိနေ၏။

<Guild> Achawlay : ဟာ... သစ္စာမရှိလိုက်ကြတာ... ငါ့ကို မစောင့်ဘဲ မင်းတို့အရင်ဝင်သွားကြတယ်...

<Guild> Dathagyi : ဘယ်သူက ကန္တာရထဲမှာ တစ်ဖက်ကကောင်တွေကို သွားပြဿနာရှာနေတာလဲ။

<Guild> Achawlay : ဟွန့် အဲ့ဒါ ခွေးပြာတွေငါတို့ကို လာရန်စနေတာလေ။ အရိုင်းအစိုင်းတွေရဲ့သွေးဘယ်လောက်နီလဲ ပြရသေးတာကို။

<Guild> Achawlay : အဲ့ဒါနဲ့ပဲ ငါ့ကို kick တယ်! ငါက ငါတို့ guild leader ဆိုတာ သတိရစမ်းပါဦး!

<Guild> Dathagyi : နားညည်းတယ် အခု မင်းဘယ်မှာလဲ။

<Guild> Achawlay : ဟွန်း ငါ့ငါ အခု ဝံပုလွေ dun ကိုသွားမလို့...

<Guild> Dathagyi : Event ကဘုန်းကြီးကျောင်း dun မှာလေ...

<Guild> Imayourdaddy : ဘာလဲ မဝင်ဘူးလား။ ငါတို့စောင့်နေတယ်လေ။

<Guild> Achawlay : သွန်းကလေးကတော့ အရိုက်ခံရတော့မယ် ဘာ ငါလဲ ကိုယ့်ထက်အကြီးကို။

<Guild> Imayourdaddy : တစ်နှစ်လောက်လေးကို စာလာဖွဲ့နေ။

<Guild> Achawlay : ဟေ့အေး မင်းတို့နဲ့မဝင်တော့ဘူး။ စိတ်ကောက်တယ်။ ငါ့ဘာသာ ဝံပုလွေ dun ရှေ့မှာ low lvl သွားရှာမယ်! ဟွန်း မီးစိမ်းနဲ့မြင်းကြီးကို အဲ့ low lvl မရမချင်းဝင်ပေးမယ်! မင်းတို့ မနာလိုကြစမ်း!

<Guild > .........

ဟုတ်သည်။ သူတို့နှစ်ဦး၏ တွေ့ဆုံခြင်းသည် ရှင်းသန့်မောင်၏ ကလေးဆန်သော စိတ်ကောက်မှုကလေးမှ အစပျိုး၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Onde histórias criam vida. Descubra agora