အပိုင်း - ၁၈ : Thorns of Dreamy Dungeon (2) (Z+Uni)

4.6K 716 31
                                    

-Zawgyi

အပိုင်း - ၁၉ : Level 85 Pet နှင့် Low level လေး

<Party> Achawlay : ဒီနေရာလည်းလှတယ်မို့လား...

Centaur များကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီးနောက် တစ်ကိုယ်လုံး သွေးသံရဲရဲဖြစ်နေရာမှ သူ့ကိုမေးလာသည့် အချောလေးကို ကြည့်ပြီး ဟန်မင်းပိုင်ရယ်၏။

<Party> Little_wolf : အဲ့ဒီသွေးတွေက သူတို့ကို ပိုပြီးလာစေတာမဟုတ်လား။

<Party> Achawlay : အင်း ဒီကောင်တွေက မျိုးချစ်တွေလေ... အဲ့ဒီတော့ Player တစ်ယောက်က သူတို့ကို သတ်လိုက်မယ်ဆိုရင် သူတို့သွေးက အဲ့ဒီ Player ပေါ်စိုသွားရော... အဲ့ဒါကြောင့် ငါ မင်းကို ဝေးဝေးမှာနေခိုင်းတာမို့ ဒီကောင်တွေက elite creep မဟုတ်လို့ သွေးနည်းတယ်ဆိုပြီး မင်းသတ်နေမှာစိုးလို့...

<Party> Little_wolf : အဲ့ဒီတော့ အခု ခင်ဗျားက ဒီကောင်တွေ အကုန်လုံးကို သတ်မှာပေါ့...

<Party> Achawlay : ဒါပေါ့ သွေးဘယ်လောက်စိုနေနေ ဒီကောင်တွေ အကုန်လုံးကို သတ်လိုက်ရင်အေးတာပဲကို... နောက်ပြီး သူတို့ရဲ့ ခေါင်းဆောင်ကိုပါ သတ်ပစ် အေးတာပဲ... ဒီကနေ one hand တစ်ခုခုကျမယ်ထင်တယ်... ဓားဖြစ်ဖြစ် ပုဆိန်ဖြစ်ဖြစ်... မင်း အဆင်ပြေသွားတာပေါ့... Level တက်တာနဲ့ ဒီကောင်တွေကို သုံးလို့ရပြီ။

ဟန်မင်းပိုင်အရှေ့မှ မနည်းမနောအကောင်များကို ကြည့်ပြီး သူ့ စိတ်သည် မသက်သာ။ ဒီအကောင်တွေက elite creep မဟုတ်ပေမဲ့လို့ သူတို့က အုပ်စုများလွန်းတယ်။ အချောလေးအနေနဲ့ သတ်နိုင်တာမှန်ပေမဲ့လည်း mana ကုန်သွားရင် ဘယ်လိုလုပ်မလဲ။ Caster တွေအတွက် mana က အရေးကြီးဆုံးလေ။

<Party> Little_wolf : ဒီအကောင်တွေက များလွန်းတယ် မထင်ဘူးလား။

<Party> Achawlay : အင်း များတယ်... အရင်တစ်ခါတုန်းကတော့ ဟိုကောင်မစုတ်လေးကလည်း ဝိုင်းသတ်နိုင်တော့ မသိသာဘူး... အခုကတော့ mana ကုန်သလောက်ဖြစ်မယ်ထင်တယ်...

ဟန်မင်းပိုင်၏ မျက်နှာသည် သုန်မှုန်လာသည်။ ဘယ်သောအခါမှ သူ high level ဖြစ်ဖို့ကို မလောဖူးသော်လည်း ယခုကျတော့ ထိုအချောလေး၏ သူငယ်ချင်းများကြောင့် ချက်ချင်းပင် high level ဖြစ်လာချင်သလို။ အချောလေးမြင်သည့် လောကကို သူ မြင်ကြည့်ချင်သည်။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now