အပိုင်း - ၂၈ : သူတို့က သူတို့ဘာသာ နေတာပဲဟာ... (Z+Uni)

5.3K 873 135
                                    

Zawgyi

"ဟန်လေး! ငါ ဒီမှာ..."

Heroic Dynatsy ၏ Second Tournament တွင် ယှဉ်ပြိုင်မည့် အသင်းဦးရေသည်တိုးလာသလို ဂိမ်း၏ နာမည်ရလာမှုကြောင့် လာကြည့်သည့်သူများသည်လည်း ဒုနှင့်ဒေး။ ထုံးစံအတိုင်း စပွန်ဆာကုမ္ပဏီများမှ ထုတ်ပေးထားသည့် Shirt များကို ပြိုင်ပွဲဝင်များသည် ကောက်စွတ်ထားရသည်။ Free Size တစ်ဆိုဒ်ထဲနှင့် အဝလွန်သူများအတွက် Over Size တစ်ဆိုဒ်ထုတ်သည်မို့ Over Size ကိုကံမကောင်းစွာရခဲ့သည့် ဟန်မင်းပိုင်အတွက်တော့ ဒူးဖုံးဂါဝန်တစ်ထည်အလား။

"ခွီး ဘယ်လိုဖြစ်လို့ မင်းဟာက Over Size ကြီးဖြစ်နေတာလဲ..."

အောက်မှ ဘောင်းဘီအပြဲနှင့် ဒူးဖုံးဂါဝန်အလားဖြစ်နေသည့် Shirt ဖားဖားကြောင့် ထွန်းအောင်ကျော်တစ်ကောင်အသေရယ်တော့သည်။

"ငထွန်းရာ ပါးစပ်လေးပိတ်စမ်းပါ!"

စပွန်ဆာ Shirt နှင့်တောင်မှ လှနေသည့် လင်းယုဝေသည် Model တစ်ယောက်ဟု မဆိုရ။ သူ့ညီငယ်အနားလျှောက်လာရင်း...

"လဲပေးရမလား..."

"ရတယ်... မရီးရှေ့လှနေဖို့လိုတယ်မဟုတ်လား..."

ပြောင်စပ်စပ် သူ့အပြောကြောင့် လက်ခံရရှိသည်က ခေါင်းထက်သို့လက်ဝါးစောင်းတစ်ချက်။ ဟန်မင်းပိုင် ဇက်ကလေးပုကာ လျှာကိုထုတ်ရင်း...

"ဟွန်း အမှန်တရားက ခါးတယ်တဲ့...လူတိုင်းက အမှန်တရားကို ရင်မဆိုင်နိုင်ကြဘူး... ကိုလင်း ဒီနေ့သေချာပြင်လာတာပဲကို..."

"ငါက အမြဲတမ်းချောနေပြီးသား..."

ခပ်ချေချေပြန်ပြောသည့် ညီအစ်ကိုကို ကြည့်ပြီး ထွန်းအောင်ကျော် မသိချင်ယောင်သာဆောင်နေလိုက်တော့သည်။ သူ့ မျက်လုံးများက Cosplay လုပ်နေသည့် မိန်းမလှလေးများထံ။ ယောကျာ်းလေးတွေ ချောတာကိုကြည့်ရင် သူ Depression သာဝင်သွားလိမ့်မည်။ ထို့အတွက် ကောင်မလေးများ ငမ်းနေခြင်းသာ ကောင်းသည်။

"အာ... ဟိုမှာ... လူကြမ်းလေးများ မဟုတ်လား..."

ယခင်နှစ် ချန်ပီယံဆိုသည့် အရှိန်ဖြင့် သူတို့လာချိန်တွင် စင်ပေါ်မှ ဖွင့်ထားသည့် သီချင်းသံဆူဆူအပြင် အခြားသော အသံတို့သည် တိတ်ဆိတ်သွားခဲ့၏။ ဟန်မင်းပိုင်၏ အကြည့်တို့သည်လည်း ထိုဆယ်ယောက်ထံသို့ ရောက်သွားခဲ့သည်။ လူကြမ်းလေးများဂိုဏ်းတွင် လူငါးဆယ်ကျော်မကရှိသော်လည်း တကယ်တမ်းပြိုင်ပွဲဝင်ချိန်တွင်တော့ Guild Leader နှင့် ဒိတ်ဒိတ်ကြဲကိုးယောက်သာ။ အချို့သော Guild Member များကတော့ ပွဲကြည့်ရန်လိုက်လာခဲ့ကြ၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now