အပိုင်း - ၄၉ : ဘဲကိုကောင်းကောင်းထိန်းသိမ်းရမယ်!(Z+U)

6K 968 108
                                    

Zawgyi

"နောက်တစ်ကားကြည့်မယ်လေ... ကျောင်းက တနေကုန်ပြေးမှာမဟုတ်ဘူးလား..."

ရုပ်ရှင်ကြည့်ခြင်းကိုတော့ နှစ်သက်သည့်ထဲတွင် ပါသည်မို့ ဟန်မင်းပိုင်တစ်ယောက် လှဲနေရင်းမှ ခေါင်းညိတ်ပြသည်။ ရှင်းသန့်မောင်ကတော့ ရယ်ချင်စွာဖြင့် ထိုကောင်လေးကို ကြည့်နေတော့၏။ အစပိုင်းမှာတော့ ဒီခုတင်ပေါ်ထိုင်ဖို့တွန့်ဆုတ်နေသည့် ကောင်လေးကလည်း အခုတော့ ခပ်တည်တည် လှဲပင်လှဲနေသေးသည်။ ပုံမှန်အခန်းများတွင် ခေါင်းအုံးမရှိသော်လည်း သူ ယူထားသည်က ဝန်ထမ်းများ နားနေခန်းမို့ ရှင်းသန့်မောင်တစ်ယောက် ခေါင်းအုံးအသာလေး ရှာယူပေးလို့ရသည်။

"ဝန်ထမ်းတွေက ဒီမှာနားတယ်ဆိုရင် ကျွန်တော်တို့က အခု ဒီအခန်းမှာ နေနေတော့ သူတို့ နားလို့မရတော့ဘူးပေါ့..."

သူများကို နည်းနည်းလေးတော့ အားနာလိုက်ရမှ ကျေနပ်သည့် ကောင်ကလေးစကားကြောင့် ရှင်းသန့်မောင်သည် ရယ်ကာ...

"အဲ့ကိစ္စထက် မင်း အစက ဒီအခန်းထဲမှာ ငါတို့နှစ်ယောက်ပဲရှိတာကို ကြောက်နေတာမဟုတ်ဘူးလား..."

ဟန်မင်းပိုင်၏ မျက်နှာလေးတွင် ရှက်ရိပ်လေးများပြေးသွားပြီးနောက် ထိုကောင်လေးသည် လှဲနေရာမှ ထထိုင် မေးလေးကိုမော့ကာ...

"အာ့က အစက အခုတော့ ဘာမှမဖြစ်တော့ပါဘူး..."

ရှင်းသန့်မောင်သည် မျက်ခုံးပင့်ကာ ထိုကောင်လေးကို ပြောပါဦးဆိုသည့် မျက်နှာပေးဖြင့် ကြည့်တော့ အပုလေးတစ်ယောက် မျက်မှောင်လေးကြုတ်ကာ...

"ဟုတ်တယ်လေ... အပြင်မှာလည်း လူတွေရှိတာပဲကို..."

"သြော်... သြော်..."

ရုပ်ရှင်ရွေးနေခြင်းကို ရပ်ကာ သူ့အနားသို့ ဒူးထောက်ရင်း တစ်လှမ်းချင်းတက်လာသည့် ရှင်းသန့်မောင်ကြောင့် ဟန်မင်းပိုင် ရုတ်တရက်ကြောင်အသွားရသည်။ ထို့နောက် လက်ကောက်ဝတ်နှစ်ဖက်ကို ကိုင်ကာ နံရံနှင့်ဆွဲကပ်ပြီး မျက်နှာနှစ်ခု ပူးကပ်လုနီးနီး၊ တစ်ဦးဝင်သက်ထွက်သက်ကို တစ်ဦးမျက်နှာတွင် ခံစားရသည်အထိ ကပ်နေသည့် အကွာအဝေးဖြင့်...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Où les histoires vivent. Découvrez maintenant