1❇ ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားခြင်း

30.9K 1.4K 39
                                    

<Zawgyi>

ဇာတ်လိုက်နဲ့ ဗီလိန်အား မွေးစားခြင်း

ဇောင်ယုဟွမ် သူမ မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူမ မြင်တွေ့လိုက်ရသည်မှာ သူမ လက်တွင် ကိုင်ထားသည့် ကာတွန်းဇာတ်ကောင် တစ်ချို့ကို ဘုတ်ပြားပေါ်တွင် ရေးဆွဲနေသော ပုံများဖြစ်သည်။

သူမ ဘုတ်ပြားအပေါ်ကို ကြည့်လိုက်ချိန်တွင် မြေဖြူတွေ အသုံးပြုပြီး ရေးဆွဲထားသည့် စာလုံးကြီး ငါးလုံး တောက်ပသည့် 'လူမှုဖူလုံးရေး အေဂျင်စီ' ကို တွေ့လိုက်ရသည်။

"အို၊ ကြည့်ဦး၊ မိန်းကလေးဇောင် နိုးလာပြီ!" တစ်ယောက်ယောက်က ပျော်ရွှင်စွာ အော်လိုက်ပြီး သူမ လက်ထဲတွင်လည်း အနီရောင်သကြားရည် ထည့်ထားသည့် ဖန်ခွက်ကိုလည်း ကိုင်ထားလေသည်။

"မိန်းကလေးဇောင်ကို မြန်မြန်ပေးလိုက်၊ မင်း မူးဝေနေတုန်းပဲလား?" ဇောင်ယုဟွမ် သကြားရည်ကို မသောက်ပဲ သူမ မျက်နှာထက်တွင် အံ့ဩရိပ်တွေက ပေါ်နေလေသည်။

သူမ မသေဘူးလား? သူမ ကိုယ်တွင်းအင်္ဂါရောဂါကို ခံစားရပြီး ဆရာဝန်တွေက သူမ မရှင်နိုင်ဘူးလို့ ပြောခဲ့သည်။

"မင်း ဆေးရုံမှာ သွားစစ်ဆေးချင်လား? မိန်းကလေးဇောင်? မင်းအဆင်ပြေရဲ့လား မိန်းကလေးဇောင်?"

ဇောင်ယုဟွမ် နောက်ဆုံးတော့ သူမ ဘေးတွင် စကားပြောနေသည့် ဘက်ကို တဖြည်းဖြည်း ကြည့်လိုက်သည်။ သူမ ညာဘက်တွင် စကားပြောနေတဲ့ အမျိုးသမီးတစ်ယောက်၊ သူမက သက်လတ်ပိုင်း အရွယ်ဖြစ်ပြီး သူမ ဝတ်ထားသည့် ဝတ်စုံက ကျပ်တောက်မနေပဲ အနည်းငယ် ခေတ်နောက်ကျနေသလို ဖြစ်နေသည်။

သူမပုံစံက အနည်းငယ်တော့ ခြိမ်းခြောက်နေတဲ့ပုံပေါ်သည်။ သူမ ရှပ်အင်္ကျီပေါ်မှာလည်း လူမှုဖူလုံရေး အေဂျင်စီ ဆိုတဲ့ စာလုံးကိုလည်း ရေးသားထားသည်။ သူမက ဒီနေရာက အလုပ်လုပ်တဲ့သူ ဖြစ်ပုံရသည်။

"ကျွန်မ အဆင်ပြေပါတယ်" ဇောင်ယုဟွမ် ပြောလိုက်သည်။ သက်လတ်ပိုင်း အမျိုးသမီးက စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓]Where stories live. Discover now