8• Ray's Private Study Guide

7.3K 1K 53
                                    


"Raymus မင်းကိုဌာနမှုးခေါ်နေတယ်''

အနားကိုရောက်လာပြီးတော့ Raymusကို ပြောတဲ့သူက အတန်းခေါင်းဆောင်။

ထူးထူးဆန်းဆန်း ဌာနမှုးက Raymusကို ဘာများပြောမလို့ပါလိမ့်။

"ဌာနမှုးကခေါ်တယ်၊ဟုတ်လို့လား ငါ့ကိုဌာနမှုးက ခေါ်စရာအကြောင်းလဲ မရှိပဲနဲ့ ဘာပြောမလို့တဲ့လဲ''

"အာ့တော့ ငါလဲဘယ်သိမလဲကွ၊Raymusကို လွှတ်ပေးပါလို့ပြောလို့''

"အေး"

ပြီးစလွယ် ခေါင်းညိတ်ပြပြီးနောက် ဖုန်းဆီအကြည့်ပြန်ရောက်တဲ့ Raymus ကို အတန်းခေါင်ဆောင်က စိတ်မချစွာနဲ့ နောက်တစ်ခေါက်ထပ်ခေါ်တယ်။

"ဟေ့ကောင် ဌာနမှူးခေါ်နေတယ် သွားလိုက်အုံးလို့".

"သိပါတယ်ဆို သွားမှာပေ့ါဟ ဘယ်လိုဖြစ်နေတာတုန်း"

Raymus ပြန်ဟောက်လိုက်တော့ အတန်းခေါင်ဆောင်က ငြိမ်ကျသွားတယ်။

ရယ်တော့ရယ်ရတယ်၊ အတန်းခေါင်ဆောင်က alpha ကောင်၊ လူကောင်ကလဲ ခပ်ကြီးကြီးရယ်၊ ဒါပေမယ့် Raymus ကိုတော့ ဘာကြောက်သလဲ မမေးနဲ့။

Raymus က omega ဆိုပေမယ့် လက်ဆလက်န မသေးတာမို့ တစ်ကျောင်းလုံးကလူတွေရှိန်တာအဆန်းမဟုတ်။

ဆော့လက်စဂိမ်းပွဲကို ပြီးအောင်ဆော့ပြီးတဲ့နောက်တော့ဘဌာနမှူးရုံးခန်းကို ဦးတည်ပြီးထွက်လာလိုက်တယ်။

ပြီးရင်တော့ အတန်းမတက်ပဲ အိမ်တန်းပြန်ဖို့ စိတ်ကူးထားတယ်။

ဘာလို့လဲဆိုတော့ ဒီနေ့ Olivier ရော Willy ရော ကျောင်းမလာချေ။

Willy က သူ့အမေ ခရီးသွားတာကို အဖော်လိုက်ပေးရတာမို့ မလာနိုင်သလို Olivier ကလဲ မနေ့က လေ့ကျင့်ရေးမှာ ခြေခေါက်လဲထားတာမို့ ခြေဖမိုးကအရွတ်ယောင်ကာ လမ်းမလျှောက်နိုင်သဖြင့် ကျောင်းမလာနိူင်။

အဲဒီတော့ Raymus လဲ ကျောင်းမှာကြာကြာမနေလိုတော့ပေ။

"ဌာနမှူး ကျွန်တော့်ကိုခေါ်တယ်ဆို"

"ဟော ဆရာသမားလေး ရောက်လာပြီလား ကြွပါအုံးခင်ဗျ"

ဌာနမှူးက Raymus အဖေရဲ့ ငယ်သူငယ်ချင်းမို့ Raymus က ငယ်စဉ်ကတည်းကရင်းနှီးနေသူပီပီ နည်းနည်းလေးမှ အကြောက်အရွံမရှိချေ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now