31• Loving you is haunting me

6.4K 858 53
                                    


The Omega is so cute and I can’t help Part 31

"ကိုကိုကြီး ဘယ်မှာလဲလို့ ကျွန်တော်လိုက်ရှာနေတာ၊ ဒီကို ရောက်နေတာကို''

Thomas အရက်ထိုင်သောက်နေတဲ့ bar room ထဲကို ဝင်လာကာ ပြောလိုက်သူက အလတ်ကောင် Nicholas။

Bar room က သူတို့အိမ်ရဲ့ မြေအောက်ထပ်မှာ ခမ်းခမ်းနားနားပြင်ဆင်ထားတဲ့ အခန်းတစ်ခန်း၊ ဒီအခန်းထဲမှာ နှစ်ချို့ဝိုင်တွေကို လိုအပ်တဲ့အအေးဓာတ်ရအောင် အခန်းတစ်ခုဖွဲ့လို့ သိုလှောင်ထားသလို၊ အဲဒီအခန်းရဲ့အပြင်မှာလဲ သူတို့ ညီအစ်ကိုတွေ အရက်သောက်ချင်ရင် သောက်လို့ရအောင် bar တစ်ခုလို အသေအချာပြင်ဆင်ထားတဲ့ အခန်းတစ်ခုဖြစ်တယ်။

သူဌေးမိသားစုရဲ့ Bar room ဖြစ်တာနဲ့ အညီ ဘယ်လိုအရက်အမျိုးအစားကို သောက်ချင်လဲ အကောင်းဆုံးဆိုတဲ့ အရက်တွေ ဝိုင်တွေ ဒီအခန်းထဲမှာ ရှိတယ်။

တစ်ခါတစ်လေ ဘယ်သူနဲ့မှ စကားမပြောချင်တဲ့အခါမျိုးတွေ တစ်ယောက်တည်း အေးအေးဆေးဆေး သောက်ချင်တဲ့ အခါမျိုးမှာ သူတို့ညီအစ်ကိုတွေက ဒီအခန်းကို အသုံးပြုလေ့ရှိတယ်။

အခုလည်း Thomas ခေါင်းရှုပ်နေလို့ အေးအေးဆေးဆေး အရက်ထိုင်သောက်မယ်လို့ စဉ်းစားပြီး ဒီအခန်းထဲကို ရောက်နေတာ။ ဒီရက်ပိုင်း ညတိုင်းလိုလို သူအရက်တွေထိုင်သောက်နေမိတာ ဘာကြောင့်လဲလို့ သူကိုယ်တိုင်တောင် အဖြေရှာလို့မရနိုင်သေးပေ။

"ပြောစရာရှိလို့လား Nicholas ထူးထူးဆန်းဆန်း မင်းကငါ့ကို လိုက်ရှာတယ်ဆိုလို့''

"ဟုတ်တယ် ပြောစရာရှိလို့ ဒါနဲ့နေပါဦး သိပ်မကြာခင်မှာ ချောပေ့လှပေ့ဆိုတဲ့ မိန်းကလေးနဲ့ စေ့စပ်လက်ထပ်တော့မယ့် ကိုကိုကြီးက မျက်နှာမသာမယာနဲ့ Bar roomရောက်နေတာ ဘာကြောင့်ပါလိမ့်''

Thomas တို့ညီအစ်ကို သုံးယောက်လုံးက သူများတွေ မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်တဲ့နေရာမှာတော့ အတော်လေးထူးချွန်ကြတယ်လို့ ပြောရမှာပဲ။

အခုလည်း Thomas မျက်နှာမှာ ပျော်ရွှင်မှုမရှိဘူးဆိုတာကို Nicholas က အလွယ်လေး အကဲခတ်နိုင်တယ်။

"ငါမပျော်နေပါဘူးလို့ မင်းကို ဘယ်သူပြောလို့လဲ Nicholasရဲ့''

"ကိုကိုကြီးရာ ညီအစ်ကိုတွေပဲဟာကို မျက်နှာကြည့်တာနဲ့ သိနေတာကို ဘာလို့ ညာချင်နေတာလဲ''

That Omega is so cute and I can't help! [Completed]Where stories live. Discover now