54• Bonding time, it is

6.8K 814 41
                                    


That Omega is so cute and I can't help Part 54

Nicholas တွေးထားသလိုပါပဲ၊ အလျင်လိုချင် အနှေးရဆိုသလို ဒီနေ့မှပဲ ကားတွေကပိတ်လိုက်တာ။

သူ့နဲ့တူတဲ့ သားသားက စိတ်မရှည်တတ်သူမို့ ကျောင်းဆင်းလို့ သူရေယ Sam ရောကိုမတွေ့ရင် ရွှေစိတ်တော် ကောက်နေလောက်ပြီ။

စူပါမန်းလိုတန်ခိုးရှိရင် မိုးပေါ်ပျံပြီးသွားလိုက်ချင်သား၊ အခုတော့ အရှေ့မှာပိတ်နေတဲ့ ကားတန်းကြီးကို သူစိတ်မရှည်ချင်။

ကားလေးနည်းနည်းရွေ့လို့ အရှိန်တင်ပြီး သွားမယ်ရှိသေး၊ ဘာဖြစ်မှန်းမသိပဲ ကားက တုန့်ခနဲထိုးရပ်သွားပြန်တယ်။

ပုံမှန်ဆိုရင်တော့ သူဌေးကားပျက်ရင်အတွင်းရေးမှူးကို လှမ်းအကြောင်းကြားရမည်ဆိုသော်လည်း အခုတော့ အတွင်းရေးမှူးလေးက သူဌေးလက်ချက်ဖြင့် အိပ်ရာထဲမှာ မြော့မြော့သာကျန်တယ်။

ရုံးကဝန်ထမ်းတစ်ယောက်စီဖုန်းဆက်ကာ ကားကိုလာယူပြီး ပြင်တဲ့ဆီပို့ဖို့မှာပြီးနောက် သူကားတံခါးပိတ်ကာ ကားပေါ်ကနေဆင်းလိုက်တယ်။

တွေ့ရာတက္ကစီတစ်စီးတားပြီး သားသားကိုသွားကြိုရတော့မှာပါပဲ။

ကားပိတ်နေတာနဲ့ ကားပျက်နေတာနဲ့ အချိန်တောင် အတော်လင့်နေလေပြီ။

သူစီးလာတဲ့ကားကလဲ အဲကွန်းမကောင်းတာမို့ လေပူတွေသာထွက်နေလေရဲ့။

ဟူး ဘာမှကိုအဆင်မပြေပါလား။

သူသက်ပြင်းချလို့ ဝတ်ထားတဲ့ကုတ်အကျီကိုချွတ်ပြီး ပေါင်ပေါ်တင်ထားရတယ်။

အဲဒီလိုအဆင်မပြေမှုများစွာနဲ့ သူ သားသားရဲ့မူကြိုကိုရောက်သွားတော့ သားသားက မူကြိုအဝင်ဝက ခုံတန်းလေးမှာ စူပုတ်ပုတ်နဲ့ထိုင်နေတာကို တွေ့လိုက်ရတယ်။
"သားလေး စောင့်နေတာကြာနေပြီလား ဆော်ရီး ဒယ်ဒီနောက်ကျသွားတယ်"

သားသားကသူမေးတာကိုပြန်မဖြေပဲ သူ့ရဲ့နှုတ်ခမ်းထူထူလေးကို စူထော်ထားလိုက်များ ဆွဲပြီးတော့ညှစ်ပစ်ချင်စရာ။

သားသားက Nicholas နဲ့ Sam ရဲ့သားလို့မပြောရဘူး၊ နှစ်ယောက်စလုံးရဲ့ အမူအကျင့်တွေအကုန် အမွေဆက်ခံထားလေတာမို့ ချစ်ဖို့လဲကောင်းသလို နည်းနည်းလဲ ကြောက်စရာကောင်းတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now