53• He was my mate all way long

7.1K 865 15
                                    


That Omega is so cute and I can’t help Part 53

"ကျွန်တော် ဘာမှမဖြစ်ပါဘူးဆို ကိုကိုရာ .. တကယ်ပဲဆေးရုံသွားမှဖြစ်မှာလား"

ကုတင်ခြေရင်းမှာ နှုတ်ခမ်းစူကာ ထိုင်နေတဲ့ အိုလီက သူ့ယောကျာ်းကို လေပြေလေးနဲ့ ပြောလိုက်ပေမယ့် ကိုကိုကြီးကတော့ လိုက်လျောမည့်ဟန်မမြင်ပါ။

"ကလေးက လိမ်မာသားနဲ့ကွာ ကိုယ်က ကလေးရဲ့ဗိုက်ထဲက ကိုယ်တို့ရဲ့ဘေဘီလေးအတွက် စိုးရိမ်လို့ပါ။ အခုတလော ကလေးမူးမူးနေတာ၊ အစားစားလို့မဝင်တာတွေဖြစ်တယ်မဟုတ်လား"

ကိုကိုကြီးပြောတာလဲမမှားပေ၊ ကိုယ်ဝန်ရှိတယ်လို့သိကာစက အစားအသောက်မပျက်ခဲ့ပေမယ့် လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်ကစပြီး အိုလီ အစားအသောက်သိပ်မဝင်တော့။

ဘယ်လောက်ပဲကြိုက်တဲ့အစားအစာဖြစ်နေပါစေ၊ နည်းနည်းလောက်စားပြီးရင် ရင်ပြည့်သလို အန်ချင်သလိုနဲ့ ဆက်မစားချင်တော့ပဲ အန်ချည်းနေချင်တော့တယ်။

"အဲဒါက ကိုယ်ဝန်ဆောင်တွေမှာဖြစ်လေ့ဖြစ်ထရှိတာပဲလေ ဟိုဟာလေ .. Morning sickness ဆိုလား အဲဒါဖြစ်မှာပေါ့"

"အဲဒါက မနက်ပဲဖြစ်တာမဟုတ်ဘူးလား ကလေးရဲ့  ... အခုကလေးဟာက ဘယ်အချိန်ဖြစ်ဖြစ် အစားမဝင်တော့တာလေ"

"အာ မဆိုင်ပါဘူး morning sickness မှ မနက်မှဖြစ်ရမယ်လို့မသတ်မှတ်ထားဘူးလေဗျာ"

အလိုမကျမှုနဲ့ ဖောင်းတက်လာတဲ့ ပါးပြင်ကို Thomas ငုံ့နမ်းလိုက်သည်။

ဒီအနမ်းတစ်ပွင့်ကဆေးစစ်ဖို့ ကြောက်ရွံ့ကာ ဂျီကျနေတဲ့ သူ့ယောကျာ်းလေးကို အင်အားဖြစ်စေဖို့ရည်ရွယ်လို့ပေါ့။

"ကိုယ်က အိုလီနဲ့ ဘေဘီလေးကို ကျန်းမာရဲ့သေချာချင်လို့၊ လိုအပ်တဲ့ဂရုစိုက်မှုတွေ ဆေးကုသမှုတွေကို ကြိုတင်ပြင်ဆင်ထားချင်လို့လေကွာ.."

ကိုကိုကြီးစေတနာနဲ့ စိုးရိမ်မှုတွေကို အိုလီနားလည်ပါတယ်။

ဒါပေမယ့် ဆေးရုံမှာဆေးစစ်မှုမလုပ်ချင်တဲ့အကြောင်းရင်း ၂ ချက်ရှိတယ်။

တစ်ချက်က ဆေးရုံအနံ့ရရင် သူပိုပြီးခေါင်းမူးပြီးအန်ချင်မှာစိုးရိမ်လို့၊ အဲဒါကတော့ နည်းနည်းသည်းခံလို့ရလို့ ထားလိုက်ပါတော့၊ နောက်တစ်ချက်ကတော့ တော်တော်ဆိုးပါတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now