52 • My Alpha, My Superman, My Hero

7.1K 828 31
                                    


That Omega is so cute and I can’t help Part 52

"Alex Alex !!!!"

ကျယ်လောင်သော အော်ခေါ်သံက Alex ကြားနိုင်လောက်တာ မလွဲမသွေပဲ။ ဒါတောင်မှ သကောင့်သားက စာအုပ်ကိုကြည့်မပျက်သေးပေ။

“ဟောဟဲ ဟောဟဲ၊ မောလိုက်တာ .. မင်းကတော့ အေးအေးဆေးဆေး စာထိုင်လုပ်နိုင်တယ်နော်''

အိုလီ့စကားကြောင့် အတန်းထဲမှာထိုင်ပြီး စာလုပ်နေတဲ့Alexက မကြည်ကြည့်နဲ့ ခပ်စူးစူးကြည့်တယ်။

"ငါကကျောင်းကိုလာပြီး စာမလုပ်လို့ ဘာလုပ်နေရမှာလဲ''

အောင်မယ် ပြောတတ်ပ၊ အဲ့ဒီ Alexဆိုတဲ့ Alphaကောင်က အနားမှာ Raymus ရှိရင်တစ်မျိုး အနားမှာ Raymus မရှိရင်တစ်မျိုး၊ အပြောအဆို အမူအရာကအစ ပြောင်းလဲတတ်တဲ့ကောင်။

ပြီးတော့ဘာတဲ့မေးတော့ စာမလုပ်လို့ဘာလုပ်ရမှာလဲတဲ့၊ Raymus သာအနားမှာရှိရင် ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအကုန်လုံးကို အဖက်မလုပ်တော့သလို Raymus မျက်နှာကို တစ်ကမ္ဘာထင်ပြီး ပြုံးပြီးထိုင်ကြည့်နေတတ်တဲ့သူကများ။

RS တွေပိုကိုပိုတယ် !

"သောက်ပိုတွေလာပြောပြန်ပြီ အနားမှာ Raymus ရှိရင် အဲ့ဒီလေသံမဟုတ်ပါဘူး''

"ကဲပါ မင်းစကားတွေများနေတာ ငါ့ရဲ့စာလုပ်ရမယ့်အချိန်တွေပုပ်တယ် ဘာပြောမလို့လဲ ပြော''

"အယ် မင်းကိုပြောရတာနဲ့ ငါတောင်လာရင်း ကိစ္စကို မေ့သွားတယ်၊ Raymus …Raymusလေ''

"Raymusဘာဖြစ်လို့လဲ''

တွေ့လား Raymusဆိုတဲ့အသံကြားတာနဲ့ ထိုင်နေရာကနေ ချက်ချင်းထပြီး မေးတဲ့ပုံက မသိရင်အိုလီ့တောင်ဝါးစားတော့မတတ်ပဲ။

"Raymusရန်ဖြစ်နေလို့ အဲ့တာငါမင်းကိုလာပြောတာ''

"ဘာ Raymusရန်ဖြစ်နေတယ် ဟုတ်လား အဲ့တာကိုမင်းကသူနဲ့ကူမချပဲ ဘာဖြစ်လို့ငါ့ဆီလာရှာရတာလဲ''

"ဪ အဖေရယ် ငါကဗိုက်ကြီးနေတယ်လေ ဘယ်လိုဖြစ်လို့ ရန်ပွဲဖြစ်လို့ရမှာလဲ အဲ့တာကြောင့်မို့ ရန်မဖြစ်ပဲနဲ့ မင်းကိုလာပြောပေးတာပေါ့''

ကိုယ့်ဗိုက်ကိုကိုယ်ပုတ်ပြပြီး ကိုယ့်ဂုဏ်ကိုယ် ဖော်နေရတာလဲမကောင်း။ အရင်တုန်းကဆိုရင်တော့ အခုလိုရန်ပွဲဆိုရင် အိုလီက လက်ရဲဇက်ရဲနဲ့ အရင်ဆုံးဦးအောင်ချပြီးသားပဲ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now