47•My Alpha is dangerous🔥

9K 910 130
                                    


That Omega is so cute and I can’t help Part 47

18+ warning

“Alex မင်းဟာလေ..”

“ဘာဖြစ်လို့လဲ”

“စကားမများနဲ့တော့…”

Raymus ပြောပြောဆိုဆိုနဲ့ Alex ကိုယ်ပေါ်သို့ ခွတက်လိုက်ကာ အနမ်းတွေကို ပြန်ဆက်လိုက်လေတော့တယ်။

Alex ကလဲငြင်းဆန်မယ်မထင်လိုက်နဲ့၊ သူ့ထက် ပိုပြီးအားပါတဲ့အနမ်းတွေနဲ့တောင် သူ့ကိုချော့မြူနေသေးတာ။ သူတက်ထိုင်ထားတဲ့ Alex ရဲ့ ပေါင်အရင်းနဲ့ဝမ်းဗိုက်အစပ်တစ်နေရာက တစထက်တစ ပိုမာလာတာကို သူသတိထားလိုက်မိပြီးနောက် သူရယ်လိုက်မိတယ်။

သူ့ကောင်လေးရဲ့ တုံ့ပြန်မှုကမြန်ဆန်လွန်းလိုက်တာ။ တကယ်ကို အတွေ့အကြုံမရှိမှန်းသိပ်သိသာတာပဲ။ သူတို့နမ်းတာ အခုမှ ၅ မိနစ်လောက်ပဲရှိသေးတာလေ။

“အဟက်”

နမ်းနေရာကနေ ရယ်ဖြစ်အောင်ရယ်လိုက်သေးတဲ့ သူ့ကို Alex က ရွှန်းရွှန်းစားစားကြည့်ကာ မေးလေတော့တယ်။

“ဘာရယ်တာလဲ မင်းက..”

“မင်းအောက်က ကောင်လေးကဆန္ဒပြနေတာ ရယ်စရာကောင်းလို့လေ”

“အဲဒါကရယ်စရာမဟုတ်ဘူးဆိုတာ မင်းသိအောင် ပြရသေးတာပေါ့”

“ဘယ်လိုပြမှာလဲ မင်းက .. အာ့ ဘာလုပ်တာလဲ”

Raymus ထိုင်နေရက်ကပဲ တင်ပါးကနေ ဆွဲမခံလိုက်ရပြီးနောက် ကုတင်ပေါ်ချပေးခြင်းခံလိုက်ရပြီး အဝတ်အစားတွေပါ ရန်ရှာကာ အချွတ်ခံလိုက်ရတော့တယ်။

“ဖြည်းဖြည်းလုပ်ပါကွ ငါ့အကျီလေးပြဲသွားပါအုံးမယ်”

“အချိန်တွေကြာတယ်”

အံကြိတ်ပြီးပြောတဲ့ပုံစံက တကယ့်ကိုမထိန်းနိုင်တော့ဟန်အထင်းသားပေါ်လွင်နေတာမို့ သူ ခန္တာကိုယ်လေးကျုံ့လိုက်မိတယ်။

“ဟိုး .. လောလိုက်တာ ငါ့ကောင်လေးကလဲ”

Alex က သူ့စကားကိုဘာမှပြန်မပြောပဲ သူ့အဝတ်အစားတွေကို ခပ်မြန်မြန်ချွတ်နေပုံက Raymus အတွက် တံတွေးသီးချင်စရာကောင်းလွန်းနေပြန်တယ်။ ဘော်ဒီအမိုက်စားနဲ့ကောင်လေးနဲ့တွဲမယ်ဆိုတဲ့ သူ့ရည်ရွယ်ချက်ကြီးက တကယ်အောင်မြင်သွားပြီပဲ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now