14• Getting closer

6.5K 889 49
                                    


အတန်းထဲမှာ စာမသင်ချင်လို့ အတန်းပြေးမယ်လို့ စဥ်းစားထားတဲ့ Raymusတစ်ယောက် အခန်းထဲကို ဝင်လာတဲ့ လူတစ်ယောက်ကြောင့် ခြေလှမ်းတို့ရပ်တန့်သွားတယ်။

ဒီနေ့ သူ့ရဲ့ Betaကောင်လေးက ချောမောသန့်ပြန့်လို့ပါလား။

ခါတိုင်း ဆိုလို့ရှိရင် ဆံပင်တွေ ဖိုသီဖက်သီနဲ့ ကျောင်းအကျီကို ဖြစ်သလိုဝတ်ပြီး လာတတ်တဲ့ကောင်လေးက ဒီနေ့တော့ ဆံပင်တွေ သေချာပုံသွင်းထားလို့ပါလား။

ကောင်လေးက ငါပြန်ကြိုက်အောင်လို့ မြူစွယ်ဖို့ အလှတွေပြင်လာတယ်ထင်တယ်။

Alexပြင်ဆင်လာတာကို ဘေးမှာထိုင်နေတဲ့ Willyကလည်း သတိထားမိပုံပဲ။

"ဟာ ဒီနေ့ကျောင်းသားသစ်က တယ်လန်းနေပါ့လား''

"ဘယ်ကောင်မလေးနဲ့ ချိန်းထားလို့မှန်းမှ မသိတာ''

Olivierကြားဖြတ် ဝင်ပြောလိုက်တဲ့စကားကြောင့် OlivierကိုRaymus ဆူပုတ်ပြီး ကြည့်လိုက်တယ်။

"ဟိတ်ကောင် ဘယ်ကောင်လေးနဲ့မှ ချိန်းထားတာ မဟုတ်ဘူး၊ငါ့ကို ရှိုးပြဖို့ဝတ်လာတာဖြစ်မှာပေါ့''

"ပြောရဲတယ်နော် မင်းရဲ့Confidence level ကတော်တော်Highတာပဲ၊ဟိုက မင်းကိုကြိုက်တယ် ပြောလို့လား''

"ပြောစရာမလိုအောင် အပြုအမူတွေကသိသာနေတယ်ဆိုရင်ရောကွာ"

Raymus လဲ နည်းနည်းလေးမှ အကြောမခံပဲ ပြန်ပြောလိုက်တယ်။ Olivier ကတော့ Raymus ပြောတာကို နည်းနည်းလေးမှ လက်ခံချင်ပုံမရဘူး။

ဒီကောင်တွေကပြောရတာ တကယ်လက်ပေါက်ကပ်တယ်၊ Alex က သူ့ကိုကြိုက်နေတယ်ဆိုတဲ့အမှန်တရားကို ဒီကောင်တွေက ဘာလို့လက်မခံနိုင်ရတာတုန်း။

Alexကတော့ ထုံးစံအတိုင်း အခန်းဝမှာထိုင်နေတဲ့ Raymusတို့ကို လှည့်မကြည့်ပဲ သူ့ခုံကို တန်းသွားပြီးတော့ အေးအေးလူလူပဲ ထိုင်နေတယ်။

သိပ်တော့မကြာလိုက်ဘူး Alexကို ဘယ်တုန်းကတည်းက စောင့်နေမှန်းမသိတဲ့ အတန်းထဲက Beta မလေးတစ်ယောက်က Alexနားကို ချဥ်းကပ်သွားတာ တွေ့လိုက်တယ်။

Raymusလည်း သိသိသာသာကြီးမဟုတ်ပဲ မသိမသာပဲ သူတို့နှစ်ယောက်ကို အကဲခတ်လိုက်တယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now