25• Open your heart for me~

6.5K 917 56
                                    


That Omega is so cute and I can’t help Part 25

အိုလီတစ်ယောက် အနွေးထည် အထူကြီးဝတ် လည်ပင်းမှာ မာဖလာပတ် ဦးထုပ်ကြီးဆောင်းပြီး ချမ်းချမ်းအေးအေးဖြစ်နေတဲ့ ရာသီဥတုမှာ ကိုကိုကြီးကိုလိုက်ရှာရတယ်။

ဒီလောက်အေးနေတဲ့ ရာသီဥတုမှာ ကမ်းခြေကိုလာပြီး Hotelဝယ်တဲ့ ကိုကိုကြီးကို နားကိုမလည်ပါဘူး။

သူသာဆိုရင် ဒီလိုဆောင်းရာသီမှာ အခန်းတွင်းမှာပဲ အောင်းနေမှာ၊ အခုတော့ သူ့ရဲ့ချစ်လှပါသောတစ်ယောက်သောသူက ဒီလိုရာသီဥတုမှာ လေတွေဒီလောက်တိုက်တဲ့ ကမ်းခြေမှာ ဆေးလိပ်ထွက်သောက်နေသေးသတဲ့။

ဒါပေမယ့် ကိုယ်ကလည်း သူ့ကိုတွေ့ချင်တဲ့သူကို သူဘယ်မှာရှိမလဲလို့ လိုက်ရှာရတာပေါ့။

အိုလီ ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးတော့ ဟိုတယ်နဲ့ သဲသောင်ပြင်အစပ်နားက မီးတိုင်လေးတွေ ရှိနေတဲ့နားမှာရပ်ပြီး ဆေးလိပ်သောက်နေတဲ့ ကိုကိုကြီးကို တွေ့တယ်။

*ဪ အဲ့တာက Smoking areaပဲ *

ဘေးမှာ ဆေးလိပ်မီး တစ်ခါထဲ သတ်လို့ရမယ့် အမှိုက်ပုံးလေးတွေ ချပေးထားတာမို့ ကိုကိုကြီးက အဲ့ဒီနေရာမှာ ဆေးလိပ်သွားသောက်နေပုံရတယ်။

အနွေးထည်အဖြူရောင်ဝတ်ပြီး သူ့ကိုကျောပေးထားတဲ့ အရပ်မြင့်မြင့်နဲ့ လူသားက သူ့ဘဝရဲ့ တစ်ဦးတည်းသော မြတ်နိုးရာလေး။

ကျောပြင်ကြီးကို ငေးကြည့်ရုံနဲ့ နွေးထွေးပြီးလုံခြုံတယ်ဆိုတဲ့ ခံစားချက်ကို ကိုကိုကြီးနဲ့ကျမှ သူရဖူးခဲ့တာ။

ကိုကိုကြီးနဲ့ အနီးအနားကို ရောက်နေတယ်ဆိုရင်ကို သူအရာအားလုံးကို ပြည့်စုံသလိုခံစားရတယ်။

ခန္တာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီပဲဖြစ်ဖြစ်၊ သွေးအေးပေမယ့် နူးညံ့တတ်တဲ့စိတ်ထားလေးပဲဖြစ်ဖြစ်၊ အကုန်လုံးကို သူ့မှာ တပ်မက်စိတ်နဲ့ ပြိုလဲခဲ့ရပါတယ်။

ကိုကိုကြီးက သူချစ်တာခံဖို့များ မွေးဖွားလာသလားလို့ သူထင်မှတ်ရလောက်အောင် ကိုကိုကြီး ဘယ်လိုပဲနေနေ သူ့မှာ ချစ်မြတ်နိူးရပါတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now