15• Memories aren't forgettable

6.4K 907 47
                                    

That Omega is so cute and I can’t help Part 15

ဒီရက်ပိုင်းရာသီဥတုက အတော်လေးအေးလာတာတောင် အနွေးထည်မပါပဲ အစည်းအဝေးခန်းထဲကို သွားဖို့ သူ့ရုံးခန်းထဲက ထွက်လာတဲ့ Nicholas ကြောင့် Sam မှာ မနေထိုင်မထိုင်နိုင် ပူပန်သွားရပြန်တယ်။

Nicholas က သူများတွေထက်ပိုပြီး အအေးကြိုက်တယ်၊ အအေးကြိုက်သူမို့ အေးတဲ့ဒဏ်ကို ခံနိုင်တယ်ဆိုပေမယ့် Nicholas က ဖျားပြီဆိုဟေ့ဆိုရင်လဲ အဖျားတာရှည်တတ်တဲ့သူမှန်း အနီးကပ်နေခဲ့ဖူးသူမို့ Sam က သိထားတာမို့ နွေးနွေးထွေးထွေးဝတ်စေချင်တယ်။

အတိတ်မှာ Nicholas ကြောင့် သူဘယ်လောက်ပဲနာကျင်ခံစားခဲ့ရပါစေ၊ Nicholas ကိုဆို ဥပေက္ခာမပြုနိုင်တဲ့ ဥာဉ်ဆိုးလေးက သူ့ရင်ထဲမှာ ကိန်းဝပ်နေပြန်တယ်။

“အစည်းအဝေးသွားမယ်လေ ဘာလို့ အူကြောင်ကြောင်နဲ့ကြည့်နေတာလဲ”

စိတ်ပူနေတဲ့စိတ်တွေတောင် အငွေ့ပျံသွားသလိုပဲ၊ ဒီကောင်လေးဟာ သူ့ရင်ထဲက စေတနာကိုနားမလည်ပဲ အမြဲတမ်း အဲလို စကားလုံးတွေပြင်းထန်နေကြ။

“ဘာမှမဖြစ်ဘူး သွားမယ်လေ”

Meeting notes တွေမှတ်ဖို့ ရုံးကပေးထားတဲ့ ipad လေးကိုကောက်ယူကာ Sam ထိုင်ရာကနေ ထလိုက်တယ်။ သူ့အရှေ့ကနေ ထွက်သွားတဲ့ Nicholas ရဲ့ကျောပြင်ကိုကြည့်ပြီး မနေနိုင်သူ သူကပဲ လှမ်းခေါ်ပြီးပြောမိတယ်။

“အစည်းအဝေးခန်းက အေးတယ်၊ အနွေးထည်မယူဘူးလား”

“ကိုယ့်အတွက် အဲဒီလောက်အအေးက ဘာမှမဖြစ်ပါဘူး”

ခေါင်းကိုနောက်လှည့်ကာပြောလာသူကိုကြည့်ပြီး Sam သက်ပြင်းကျိတ်ချတယ်။ ဒီကောင်လေးက နည်းနည်းလေးမှမပြောင်းလဲပါဘူးဆို။

“ဒါပေမယ့် အပြင်မှာလည်း ရာသီဥတုကအေးတယ်လေ။ အနွေးထည်လေးဖြစ်ဖြစ်တော့ယူသွားလိုက်ပါ”

“အရစ်ကိုရှည်တယ်။ အစည်းအဝေးခန်းမှာ heater ရှိတာပဲမဟုတ်ဘူးလား။ ဘာမှမဖြစ်ဘူး လာသွားမယ်။ နောက်ကျတော့မယ်”

ပြီးတာပဲ၊ လေဖြတ်သေသွားလဲအေးတယ်ဟု သူမမြင်အောင် မျက်စောင်းထိုးပြီး သူ့အနောက်က လိုက်ခဲ့လိုက်တယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now