12• Sam's first love

6.5K 901 59
                                    

Nicholas ပြန်ရောက်ပြိး အလုပ်လာတက်နေတာ တစ်ပတ်လောက်ရှိပြီ။

အဲဒီ တစ်ပတ်အတွင်းမှာတော့ သူနဲ့Samပြဿနာ
ကြီးကြီးမားမား မရှိသေးဘူး။

မရှိဆို သူက အလုပ်လာတက်တယ်သာ ပြောတာ သူ့အကိုခေါ်တဲ့နောက်ကို လိုက်ပြီး အစည်းအဝေးတွေတက်ပြီး လုပ်ငန်းတွဲလုပ်တဲ့ businesses partnerတွေနဲ့ လိုက်တွေ့နေတာမို့ ရုံးမှာ သိပ်မရှိဘူး။

တချို့နေရာတွေတော့ Samပါ အတူလိုက်သွားပေမယ့် တစ်ခါတစ်လေကြရင်တော့ ကိုကိုကြီး Thomas က မလိုက်ခဲ့နဲ့ဆိုပြီး သူ့အတွင်းရေးမှုးကိုပဲ ခေါ်သွားတာမို့ Samနဲ့Nicholasနဲ့ တွေ့တဲ့အချိန်က နဲတော့နဲနေသေးတယ်လို့ ပြောရမှာပဲ။

ဒီနေ့တော့ ကိုကိုကြီးကိုလည်း ရုံးမှာ မတွေ့ရသေးသလို Nicholas ကတော့ သူ့ရုံးခန်းထဲမှာ ဘာလုပ်နေလဲမသိရဘူး။

ကိုကိုကြီး Thomas က ဒီလုပ်ငန်းစုရဲ့ CEO (Cheif Executive Officer) နေရာကို တာဝန်ယူထားတယ်။

ဥက္ကဌကြီးအနားမယူသေးခင်ကတော့ ဥက္ကဌကြီးက Chairman ရာထူးနဲ့ လုပ်ငန်းကို ဦးစီးတယ်။

အရင်က ဥက္ကဌကြီးပြီးရင် ကိုကိုကြီးက အကြီးဆုံးဆိုပေမယ့် အခုတော့ ကိုကိုကြီးက ရာထူးအကြီးဆုံးပေါ့။

Nicholas က Marketing Management ကို master degree ယူပြီးပြန်လာတာမို့ CMO (Cheif Marketing Officer) အနေနဲ့ ဝင်ရောက်လုပ်ကိုင်တယ်။

Sam က sale နဲ့ marketing ပိုင်းဆိုင်ရာကို Nicholas အတွက် ကောင်းကောင်းအထောက်အကူဖြစ်မယ်လို့ ဥက္ကဌကြီးက တွေးပြီးလက်လွှဲပေးခဲ့ပုံပါပဲ။

"ဒီဟာက Mr.Nicholas Nathaniel ရဲ့ ရုံးခန်းလားမသိဘူး''

အမျိုးသမီးတစ်ယောက်က Samထိုင်နေတဲ့ စားပွဲနားကို ရောက်လာပြီးမေးတယ်။

သုံးထားတဲ့ ရေမွေးနံ့က Samရဲ့ နှာခေါင်းထဲကို စူးရှစွာ ဝင်ရောက်လာတယ်။

Samက ရေမွေးနံ့ပြင်းပြင်းတွေဆို မခံနိုင်တာမို့ သူမအနားရောက်လာတာနဲ့ ခေါင်းတွေထိုးကိုက်သလို ခံစားလိုက်ရတယ်။

သူမက ကိုလတ်နဲ့ ဘယ်လိုများပတ်သက်နေလဲဆိုတဲ့ မေးခွန်းက သူ့ခေါင်းထဲအရင်ဆုံးရောက်လာတော့တာပဲ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now