29• Just give me a reason!

6.3K 926 78
                                    

That Omega is so cute and I can’t help Part 29

ငေးကြည့်ရုံနဲ့ကျေနပ်ခဲ့ရတဲ့ နှုတ်ခမ်းပါးတို့ကို အခုချိန်မှာတော့ အိုလီနမ်းရှိုက်ခွင့်ရနေပြီဖြစ်တယ်။

အဲဒီနှုတ်ခမ်းလေးကို ကိုယ့်နှုတ်ခမ်းကြားမှာပျောက်ကွယ်သွားမှာစိုးတဲ့အခိုက်အတန့်ဆိုတာ အခုနေအချိန်ပဲဖြစ်ပါလိမ့်မယ်။

အသိစိတ်မလွတ်ရုံတမယ် အလိုရမ္မက်ပြင်းပြနေတဲ့ကိုကိုကြီးက ဒီတစ်ကြိမ်မှာတော့ အိုလီ့အနမ်းတွေကို ထပ်ချပ်မကွာတုံ့ပြန်နေတာမို့ အိုလီအကျေနပ်ကြီးလဲ ကျေနပ်နေပြန်တယ်။

ကိုကိုကြီးလည်ပင်းကို လက်နှစ်ဖက်နဲ့ ခိုတွဲလို့ အိုလီနမ်းနေမိတာ အချိန်အတော်ကြာ၊ ကိုကိုကြီးရဲ့လက်တွေကတော့ အိုလီလည်ပင်းနဲ့တဝိုက်မှာသာမက အိုလီ့ကျောပြင်တွေကို အစုန်အဆန်သွားလာလို့နေတယ်။

ကိုကိုကြီးက အိုလီ့နှုတ်ခမ်းတွေကို အကြာကြီးစုပ်ယူနေတာမို့ အနည်းငယ်ပင်နာကျင်စပြုလာသော်လည်း သူ့မှာ ကိုကိုကြီးကို အငြင်းစကားတစ်ခွန်းမှမဆိုနိုင်ခဲ့၊ တော်ကြာ သူ့ကို စိတ်ဆိုးပြီး နှင်လွှတ်ရင် ဘယ့်နှယ်လုပ်ရပါ့မလဲ။

ဒီနေ့တော့ သူ့အနေနဲ့ ကိုကိုကြီးနဲ့ ခရီးဆုံးအထိရောက်အောင်သွားဖို့ ဆန္ဒရှိနေတယ်မဟုတ်ပါလား။

ဒီတစ်ကြိမ်ကို လက်လွှတ်လိုက်ရင် နောက်ထပ်အခွင့်အရေးဆိုတာ သူ့မှာမရှိမှာစိုးမိတယ်။
ချစ်မိပြီဆိုရင် အဆုံးစွန်ထိ ပိုင်ဆိုင်ချင်စိတ်ရှိကြတာထုံးစံပါပဲ၊ သူလဲ ကိုကိုကြီးရဲ့ အသွေးအသားရော၊ စိတ်နှလုံးကိုပါ ပိုင်ဆိုင်ခွင့်ရတဲ့လူတစ်ယောက်ဖြစ်ချင်မိတယ်။

နမ်းနေရာကနေ ကိုကိုကြီး ရုတ်တရက် ရပ်လိုက်တော့ အိုလီ ထိတ်ထိတ်လန့်လန့်နဲ့ ကိုကိုကြီးကို တစ်ခုခုပြောဖို့ ကြိုးစားလိုက်ပေမယ့် သူ့လည်ပင်းကို ကိုက်ခဲလာတဲ့ကိုကိုကြီးကြောင့် စကားသံအစား ညည်းသံတချို့ လျှံထွက်ကုန်တယ်။

“အာ့ … ကိုကိုကြီး … ဟင်း”

တစ်ခါမှ ဘယ်သူနဲ့မှ ဒီလိုအနေအထားမျိုးမရောက်ဖူးတဲ့ အိုလီ့အတွက် ဒီလိုအခြေအနေက တကယ့်ကို ရင်ဖိုဖွယ်ရာ၊ လည်ပင်းက သူ့ရဲ့ sensitive နေရာထင်ပါရဲ့၊ ကိုကိုကြီးက လည်ပင်းကို နမ်းပေမယ့် သူ့ရဲ့ခန္တာကိုယ် အောက်ပိုင်းတစ်နေရာကပါ တုံ့ပြန်လို့လာတယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now