45•I am sure I love you

6.8K 925 80
                                    


That Omega is so cute and I can’t help Part 45

အတန်းချိန်ပြီးတာနဲ့ လှစ်ခနဲအတန်းထဲကထွက်သွားတဲ့နောက်ကို Alex လိုက်မယ်ကြံကာရှိသေး၊ အတန်းထဲက မထွက်ရသေးတဲ့ Marketing ဆရာမက သူ့ကိုလှမ်းခေါ်တယ်။

သူက Marketing ဆရာမရဲ့အချစ်တော်၊ အဲဒီလိုအချစ်တော်ဖြစ်ရတဲ့အကြောင်းကတော့ သူပထမဆုံးအတန်းစတက်တဲ့နေ့က ဆရာမအချိန်မှာ ဆရာမမေးတာကို ဖြေလိုက်နိုင်တာမို့ ဆရာမက သူ့ကိုအရမ်းတွေချစ်သွားတော့တာပဲ။

Raymus ဘယ်ထွက်သွားမှန်းမသိတာကြောင့် မင်းဘယ်မှာလဲလို့ စာလှမ်းပို့လိုက်ပေမယ့် ဆရာသမားလေးက ထုံးစံအတိုင်း reply မပြန်လာဘူး။ အတန်းထဲမှာ အိုလီ့ကိုမတွေ့တာကြောင့် တွေ့တဲ့ Willy ကိုပဲ သူလှမ်းမေးကြည့်မိတယ်။

“Willy .. Raymus ဘယ်သွားတာလဲ သိလား”

“ဘယ်သိမလဲဟ”

“မင်းကလဲ မေးလိုက်ရင် ဘာမှမသိဘူး”

“အောင်မာ မသိတော့ဘာဖြစ်လို့တုန်း”

Alex စကားကြောင့် Willy က သူ့ကိုမျက်တောင့်နီကြီးနဲ့ကြည့်ကာ ပြန်ရန်တွေ့တယ်။ Willy လဲ သည်းမခံနိုင်တော့ဘူးလေ။ အဲဒီ X-Ray အတွဲက အခုထိသာ တရားဝင်အတွဲမဖြစ်သေးတာ၊ လေသံတွေကတော့ တစ်ပုံစံတည်းပဲ။ လူကို အားအားနေ ဘာမှမသိဘူးဆိုပြီး ပြောတာသိပ်များနေပြီ။

“ဘာမှမဖြစ်ပါဘူးကွာ မင်းကလဲ ငါကသိချင်လို့မေးတာကို စိတ်မဆိုးပါနဲ့”

“မသိဘူးဟေ့ကောင်။ ငါက မင်းတို့ဘာလုပ်နေသလဲဆိုတာ အချိန်တိုင်းလိုက်ကြည့်နေရအောင် မင်းတို့ရဲ့ ဘော်ဒီဂတ်လဲမဟုတ်ဘူး။ အဲဒီလောက် မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေရင် ဖင်ချင်းဆက်ပြီး ရင်ချင်းအပ်ထားလိုက်”

“မင်းကလဲ ဖြဲလိုက်တာ .. အေးပါကွာ ငါ့ဘာသာပဲသွားရှာတော့မယ်”

“နေအုံး .. Raymus က ကန်တင်းသွားတာ..”

အဲဒါများ စောစောကပြောလိုက်တော့ ဘာဖြစ်မှာမို့တုန်း။ Alex ရင်ထဲက အသံတိတ် ဆဲရေးတိုင်းထွာရင်း အတန်းထဲမှ ထွက်လာခဲ့လိုက်တယ်။

ကန်တင်းထဲကိုမဝင်ချင် အပြင်ကနေ သူလှမ်းကြည့်လိုက်တော့ သူတို့ထက်ကြီးမယ်လို့ထင်ရတဲ့ ခပ်ချောချောအကိုကြီးတစ်ယောက်နဲ့ ပြုံးရွှင်ရယ်မောနေတဲ့ Raymus ကိုတွေ့လိုက်ရတော့တာပဲ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now